Chapter 424

1.2K 146 0
                                    

ပြိုင်ဖက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-8

(မင်းအတွက် ကောင်းကင်အောက်က သူရဲကောင်းအားလုံးကို တိုက်ခိုက်ပေးမယ်)

သူကထိုသို့ပြောနေချိန်တွင် အစေခံမလေးတစ်ယောက်က ပျော့ပျောင်းနူးညံ့ပြီး ကျက်သရေရှိလှသော အမျိုးသမီးတစ်ယောက်ကို တွဲ၍ စင်မြင့်နောက်မှ ထွက်လာခဲ့သည်။

ရှောင်ရူယန်က နီရဲနေသော ဖီးနစ်ငှက်သရဖူနှင့် ပွဲလမ်းသဘင်တက် ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ရာ ကောင်းကင်ဘုံမှ မိန်းမပျိုလေးတစ်ယောက်က လူ့လောကသို့ ဆင်းသက်လာသည်နှင့် တူလှပေ၏။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာကား သူမ၏ ခေါင်းထက်တွင် အနီရောင် သတို့သမီးမျက်နှာလွှားဇာ ဖုံးအုပ်ထားခဲ့၍ သူမ၏ အစစ်အမှန်ရုပ်ရည်ကို မျက်မြင်တွေ့မြင်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ထိုအနီရောင် သတို့သမီးမျက်နှာလွှားဇာ၏ နောက်တွင် လူတိုင်းကို မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိအောင် လှပသော မျက်နှာလေးတစ်ခု ရှိနေမည်ဖြစ်ကြောင်း ယီယွမ်က သေချာ အာရုံခံနိုင်ခဲ့သည်။

ယနေ့ ထိုအနီရောင် သတို့သမီး မျက်နှာလွှားဇာကို ဖွင့်လှစ်နိုင်သော ယောက်ျားက ဤလောကတွင် ကံအကောင်းဆုံးလူသား ဖြစ်သွားပေလိမ့်မည်။

"ဘယ်လိုမျိုးလဲ… ကျုပ်တို့က လူအစစ်အမှန်ကို မြင်ချင်တာလေ….."

"ဟုတ်တယ်… တကယ်လို့ ကျုပ်တို့က ရူယန်မိန်းကလေးရဲ့ မျက်နှာကို မမြင်ရဘူးဆိုရင် အဲဒါက လူအစစ်အမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ… ခင်ဗျားက လူစားထိုးပြီးတော့ ကျုပ်တို့ကို ထောင်ချောက်ဆင်ခဲ့ရင် ကျုပ်တို့က ဘယ်လိုလုပ်ရမှာလဲ….."

"ဦးခေါင်းမျက်နှာလွှားဇာကို မြန်မြန်ဖွင့်ပြပါဗျို့... ဦးခေါင်းမျက်နှာလွှားဇာကို မြန်မြန်ဖွင့်ပြပါဗျို့….."

ရှောင်ရူယန်က သူမ၏ မျက်နှာကို ဖုံးကွယ်၍ ထွက်လာသည်ကိုမြင်သော် လူတိုင်းက ချက်ချင်းပင် စိတ်ဆိုးမာန်ဆိုးဖြင့် ပွက်လောရိုက်သွားခဲ့ကြ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now