Chapter 557

1.1K 112 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-2

(ကြိုတင်ခန့်မှန်းခြင်း)

"အို... နှစ်ပေါင်းတစ်ရာအတွင်း အဖွဲ့ကြီးသုံးဖွဲ့မှာ ပဉ္စမအလွှာကို ရောက်ရှိနိုင်တဲ့သူ တစ်ယောက်မှမရှိဘူးလို့ ငါကြားထားတယ်... မင်းက တကယ်ယုံကြည်ချက်ရှိတာလား....." ယီယွမ်က မေးမြန်းလိုက်၏။

"ဟီး... ဒီချင်က ဂျူနီယာညီလေးယီကို မယှဉ်နိုင်ပေမဲ့ ငါ့ကိုယ်ငါ ယုံကြည်မှုအချို့ ရှိပါတယ်... တကယ်လို့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်ကို မတက်ရောက်ခင်တုန်းကဆိုရင် ငါက ဒီလိုမျိုး ပြောရဲမှာမဟုတ်ဘူး... ဒါပေမဲ့ အခုတော့....."

ချင်ယန်းက နောက်ဆက်တွဲစကားများကို ဆက်လက်ပြောဆိုခြင်းမရှိပေ။ သို့သော် သူက စတုတ္ထအလွှာကို ကျော်ဖြတ်နိုင်မည်ဟူ၍ ယုံကြည်မှုရှိနေကြောင်း ထင်ရှားနေခဲ့သည်။

ဂျီးနီးယပ်သိုင်းပညာရှင်များက သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိပေ၏။ ဤအရာက ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာရန် မရှိမဖြစ်လိုအပ်သော အခြေအနေ ဖြစ်သည်။

ချင်ယန်းက အဆုံးမဲ့ကမ္ဘာကြီး၏ ဂျူနီယာမျိုးဆက်တွင် အလွန်ထူးချွန်သော လူတစ်ယောက်ဖြစ်၏။ သူက ဤသို့သော ယုံကြည်မှုရှိနေခြင်းမှာ မသင့်တော်စရာမရှိပေ။

အကယ်၍ သူက သူ့ကိုယ်သူ ယုံကြည်မှုမရှိလျှင် ယီယွမ်နှင့် အဖြစ်အပျက်ပြီးနောက် လှုံ့ဆော်မှုရသွားပြီး စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်သို့ အလွန်မြန်ဆန်စွာ တက်ရောက်သွားနိုင်ရန် မဖြစ်နိုင်ပေ။

"ဟားဟား... ဒါဆိုရင် စီနီယာအစ်ကိုချင်အတွက် နှစ်ပေါင်းတစ်ရာအတွင်း ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာမဲ့အတွက် ငါက ဂုဏ်ပြုပါတယ်....."

"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး... ဂျူနီယာညီလေးယီရှိနေတာကို ငါ့ကိုယ်ငါ ပထမဆုံးပုဂ္ဂိုလ်အဖြစ် ဘာလို့ပြောဆိုရမှာဘဲ... ပြီးတော့ ကောထောင်ချွင်နဲ့ ရင်ယန်းဟွာတို့ကလည်း သေချာပေါက် နောက်မှာနေခဲ့ကြမှာ မဟုတ်ဘူး....." ချင်ယန်းက ကပျာကယာ ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now