Chapter 556

1.1K 133 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-1

(ခင်ဗျား စော်ကားလို့ရတဲ့သူ မဟုတ်ဘူး)

လမ်းတစ်လျှောက် ယီယွမ်က ကြီးမားသောဘုရားကြီးကို စူးစိုက်ကြည့်ရှုနေခဲ့၏။ သူက ပို၍ကြည့်မိလာလေလေ ထိုဘုရား၏ အံ့မခန်းဆန်းကြယ်မှုကို ပို၍ခံစားမိလာရလေ ဖြစ်သည်။

အရှေ့သို့ နီးကပ်လာသည်နှင့် ယီယွမ်က ရန်ရှင်းချွန်းကို ပြောဆိုလိုက်၏။ "အဖိုးကြီး... ခင်ဗျားက သူတို့ကို သွားနှုတ်ဆက်လိုက်ပါ... ကျုပ်က ကျုပ်ဘာသာလှည့်ကြည့်ဦးမယ်....."

ယီယွမ်၏ ဆက်ဆံပုံကို ရန်ရှင်းချွန်းက အသားကျနေခဲ့ပြီဖြစ်သည်။

အကယ်၍ သူက ယီယွမ်နှင့် ဆက်လက်အငြင်းပွားနေမည်ဆိုလျှင် ရန်ရှင်းချွန်းက ဒေါသထွက်လွန်း၍ သေဆုံးရပေလိမ့်မည်။

ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားကို အလွန်စိတ်ဝင်စားနေခဲ့ကြောင်း တွေ့ခဲ့ရ၏။ သူက ခေါင်းကိုအသာညိတ်၍ ပြောလိုက်သည်။ "ကောင်းပြီ... မင်းဘာသာ သွားလိုက်တော့... ဟိုနေရာမှာ ငါ့ရဲ့မိတ်ဆွေဟောင်းတွေ ရှိနေတယ်... ငါက သူတို့နဲ့ စကားသွားပြောလိုက်ဦးမယ်... တုံအာ... ချောင်ဖန့်... မင်းတို့တွေ ငါ့နောက်ကိုလိုက်ပြီးတော့ စီနီယာတွေကို နှုတ်ဆက်ရမယ်....."

ရန်ရှင်းချွန်းထွက်သွားပြီးနောက် ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား အနီးပတ်ဝန်းကျင်၌ တစ်ယောက်တည်း လေ့လာကြည့်ရှုနေခဲ့၏။

အနီးကပ်လာကြည့်သည့် အချိန်မှသာ ဤဘုရားကို မည်သည့်ပစ္စည်းဖြင့် သွန်းလုပ်ထားသည်ကို သိရှိနိုင်မည့် နည်းလမ်းမရှိကြောင်း ယီယွမ်က တွေ့ရှိသွားခဲ့သည်။

ယီယွမ်က ရတနာပစ္စည်းများ သွန်းလုပ်သည့်နေရာတွင် အဆင့်မမြင့်သော်လည်း သူက နတ်ဘုရားနယ်မြေရှိ ပစ္စည်းအများစုကို သိရှိပေ၏။

သို့သော် သူက ဤပစ္စည်းကို မည်သည့်အရာမှန်း မသိခဲ့ပေ။ ဤအရာက ယီယွမ်ကို အလိုအလျောက်ပင် ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား
အကြောင်းကို ပို၍သိလိုလာစေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now