Chapter 515

1.1K 130 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-2

(ဒီအဖိုးကြီးက အရည်အချင်းပြည့်မီလား)

လင်အာက ယီယွမ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ယခု ထိုလူက အရူးတစ်ယောက်ဖြစ်ကြောင်း သူမက နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့ပြီဖြစ်၏။

သို့မဟုတ် ဤယီယွမ်က အခြားသူများ၏ စကားအဓိပ္ပာယ်ကို နားမလည်သော လူအတစ်ယောက် ဖြစ်ပေလိမ့်မည်။

အဆင့်(7)တွင် မေးခွန်းတစ်ဝက်ကျော်မှာ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က ရှိနေခဲ့ခြင်းဖြစ်သည်။

အခြားမေးခွန်းများကလည်း နှစ်တစ်ထောင်အတွင်း မှော်ဆေးပညာလမ်း အထွတ်အထိပ်ပုဂ္ဂိုလ်အချို့က ချန်ထားရစ်ခဲ့ခြင်းဖြစ်၏။

အထွတ်အထိပ်အဆင့်

မှော်ဆေးပညာရှင်ဧကရာဇ် ခွန်အားနှင့် ကျင့်စဉ်အဆင့်တို့ မရှိဘဲ ထိုမေးခွန်းများကို ဖြေရှင်းရန် လုံးဝမဖြစ်နိုင်ပေ။

သူမ၏ရှေ့မှ ဤကောင်လေးက အသက် ၁၆နှစ် ၁၇နှစ်မျှသာ ရှိနေပေသေးသည်။ ထိုမေးခွန်းများကို ဖြေရှင်းနိုင်ရန်အသာထား၍ သူက ထိုမေးခွန်းများကို နားလည်နိုင်စွမ်း ရှိမည် မရှိမည်ကလည်း ပြဿနာတစ်ခု ဖြစ်၏။

သဘာဝသလင်းတုံးတွေ ပြင်ဆင်ရမှာလား…..

နင်က ဟာသလုပ်နေတာပဲ…..

ဒီအဆင့်မြင့်အဆင့် သဘာဝသလင်းတုံး အတုံးတစ်ထောင်ကိုတော့ အစ်မကြီးက မင်းဆီကနေ လက်ခံပေးလိုက်မယ်…..

ရုတ်တရက်ပင် စာရင်းသွင်းသည့်နေရာ၌ တာဝန်ကျသောလူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး လင်အာကို တစ်ချက်ကြည့်လိုက်သည်။

လင်အာက နားလည်သဘောပေါက်ပြီး အနားသို့ ကပ်သွားခဲ့၏။

"မင်းကြည့်လိုက်… ဒီကောင်လေးနဲ့ အဲဒီအဖိုးကြီးက အဖွဲ့တစ်ခုတည်းကပဲ….."

ကောင်းကင်မေပယ်၏ ကိစ္စများက ငြိမ်သက်သွားရုံမျှသာ ရှိပေသေးသည်။ ထက်မြက်သောကျောက်စိမ်းဂေဟာက ငြိမ်သက်တိမ်တိုက်အဖွဲ့ဟူသော နာမည်ကို အလွန်ဂရုစိုက်ပေ၏။ သို့ဖြစ်၍ ထိုလူက တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now