Chapter 417

1.2K 143 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-1

(ရှောင်ရူယန်က ဘေးဒုက္ခနဲ့ ကြုံတွေ့နေရပြီ)

ရှစ်ဟောက်ရန်က သူ၏ ခံစားချက်များကို မည်သို့ဖော်ပြသင့်သည်အား အမှန်တကယ်ပင် မသိခဲ့ပေ။

အခြေခံကို မတည်မငြိမ်ဖြစ်မှာ စိုးရိမ်လို့ဆိုတာ ဘာကိုခေါ်တာလဲ… ကျင့်စဉ်အဆင့်ငါးဆင့်ပဲ တက်ရောက်လိုက်တာ ဆိုတာကရော ဘာလဲ…..

သဘာဝစွမ်းအင်များကို
ကျင့်ကြံခြင်းက အတိမ်းအစောင်းမခံသော လုပ်ငန်းတစ်ခုဖြစ်သည်။ ပို၍အရည်အချင်းရှိသော သိုင်းပညာရှင်များပင် ကျင့်စဉ်နယ်ပယ်များကို ဤသို့ပုံစံမျိုးဖြင့် တက်ရောက်ရဲခြင်းမရှိပေ။

ရှစ်ဟောက်ရန်က ယီယွမ်နှင့် ငြင်းခုံခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်၏။ သူက ဤကိစ္စကို သူ၏ဆရာဆီသို့ တင်ပြပြီး ဂိုဏ်းတူညီငယ်လေးကို ဆရာနှင့် ငြင်းခုံဆွေးနွေးစေမည် ဖြစ်သည်။

"ကောင်းပါပြီကွာ… မင်းနိုင်ပါတယ်….." ရှစ်ဟောက်ရန်က ဆွံ့အသလို ဖြစ်နေခဲ့၏။

ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "ဒီနေရာမှာ ဂိုဏ်းတူအစ်ကိုကြီးက ကျွန်တော့်ကို စောင့်ဆိုင်းနေတာ ကိစ္စအချို့ရှိနေလို့လား….."

ရှစ်ဟောက်ရန်က ခေါင်းညိတ်၍ ပြောဆိုခဲ့၏။ "လွန်ခဲ့တဲ့ရက်အနည်းငယ်က တံခါးပိတ်လေ့ကျင့်နေရာကနေ မင်းထွက်လာတာနဲ့ သူ့ဆီကို လာခဲ့ဖို့ ဆရာက အမိန့်ပေးထားတယ်… အရေးကြီးတဲ့ကိစ္စအချို့ မင်းနဲ့တိုင်ပင်စရာရှိတယ်လို့ ပြောခဲ့တယ်… မင်းက ဒီနေ့ တံခါးပိတ်လေ့ကျင့်နေရာကနေ ထွက်လာလိမ့်မယ်လို့ ငါခန့်မှန်းမိခဲ့လို့ လာစောင့်နေခဲ့တာပဲ….."

ယီယွမ်က နှလုံးခုန်မြန်သွားခဲ့သည်။

ငါ့ရဲ့အဖွဲ့က လူတွေနဲ့ ပတ်သက်နေတဲ့ သတင်းရထားတာလား…..

"ကျေးဇူးအများကြီး
တင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး… ကျွန်တော်က အခုချက်ချင်း ဆရာ့ကို သွားတွေ့လိုက်ပါ့မယ်….." ယီယွမ်က လက်သီးလက်ဝါးဆုပ်၍ ကျေးဇူးတင်စကား ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now