Chapter 413

1.2K 160 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(11)

(သေဆုံးသည်အထိ ကတိသစ္စာပေးခြင်း)

ဆေးလုံးများ စားသုံးပြီး အိပ်စက်ကာ မသိလိုက်မသိဘာသာဖြင့် ကျင့်စဉ်အဆင့်များ မြင့်တက်ခဲ့ပေသည်။

ဤအရာက သိုင်းပညာရှင်များ အိပ်မက်မက်နေကြသည့် ကျင့်စဉ်ဖြစ်ရပ်တစ်ခု ဖြစ်၏။ သို့သော် ယီယွမ်၏ ကျင့်စဉ်က အတားအဆီးများ မရှိခဲ့လျှင်ပင် ထိုအခြေအနေသို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

ကျင့်ကြံခြင်းက ရေစီးကြောင်းကို ဆန့်ကျင်၍ ရွက်လွှင့်ရသကဲ့သို့ တိုးတက်မှုနှင့် ဆုတ်ယုတ်မှု ရှိကြပေသည်။

ကျင့်ကြံခြင်းကိစ္စတွင် မည်သည့်သိုင်းပညာရှင်ကမှ ပေါ့ဆရဲခြင်းမရှိကြပေ။

သို့သော် အလင်းဖြူ၏ ကျင့်ကြံခြင်းပညာရပ်ကို မြင်တွေ့ရသော မည်သူမဆို သူ့ကို ရိုက်နှက်ချင်ကြပေမည်။ ယီယွမ်ကလည်း ခြွင်းချက်တစ်ခု မဟုတ်ပေ။

ယီယွမ်ဆီမှ ထိုအမြင်မကြည်သော အကြည့်ကိုမြင်လိုက်ရသော် အလင်းဖြူ၏ ခန္ဓာကိုယ်မှ အမွေးအားလုံး ထောင်တက်သွားခဲ့၏။

ရုတ်တရက်ပင် ယီယွမ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး သူက ချက်ချင်း

ပျောက်ကွယ်သွားခဲ့သည်။

အလင်းဖြူက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသော်လည်း ထိုအရာက နောက်ကျသွားခဲ့ပြီ ဖြစ်၏။ ယီယွမ်က သူ့ကို ဖမ်းကိုင်သွားခဲ့သည်။

"ဘာကျားဖြူအလင်းအမှောင် နတ်ဘုရားသိုင်းပညာလဲ… အိပ်စက်နေရင်း ကျင့်ကြံနိုင်တော့ကော ဘာဖြစ်လဲ… မင်းရဲ့အစ်ကိုကြီးက သေလောက်အောင် စိတ်တိုနေပြီ… ဒီလောကမှာ အဲဒီလို ထူးဆန်းတဲ့ နတ်ဘုရားသိုင်းပညာက ဘယ်လိုလုပ် ရှိနေရတာလဲ….."

ယီယွမ်က အလင်းဖြူ၏ ခေါင်းကို ဒေါသတကြီး တိုက်နေခဲ့သည်မှာ သူမူးဝေသွားခဲ့သည်အထိပင် ဖြစ်၏။

ယီယွမ်က ရပ်တန့်သွားခဲ့သည့် အချိန်တွင် အလင်းဖြူက ကြယ်များကိုပင် မြင်တွေ့နေခဲ့ရပြီဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now