Chapter 460

1.2K 147 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-2

(အဖွဲ့အကာအကွယ် မဟာဝင်္ကပါ၏ စွမ်းအား)

ကျယ်ပြန့်သော

မြေကွက်လပ်တစ်ခုတွင် လူအများ ဥဒဟိုသွားလာလှုပ်ရှား နေခဲ့ကြသည်။

ဤနေရာက ခရမ်းနုရောင်စံအိမ်အဖွဲ့၏ ရှေ့တန်းစခန်းဖြစ်ပြီး ငြိမ်သက်တိမ်တိုက်အဖွဲ့နှင့် အခြားအဖွဲ့နှစ်ဖွဲ့ကို တိုက်ခိုက်ရန်အတွက် အထူးဦးစားပေး တာဝန်ယူရသည့် နေရာတစ်ခု ဖြစ်ပေ၏။

မာရီက ထိုသိုင်းပညာရှင်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူက အဆင့်(1) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်ဖြစ်ပြီး ခရမ်းနုရောင်စံအိမ်အဖွဲ့၏ မဟာအကြီးအကဲလည်း ဖြစ်ပေ၏။

ဤအချိန်တွင် အခြားအဖွဲ့နှစ်ဖွဲ့အား သွားရောက်၍

တိုက်ခိုက်သူများထံမှ အောင်မြင်ခဲ့ကြောင်း သတင်းပေးပို့ချက်များ ရောက်လာခဲ့ပြီဖြစ်သည်။ ငြိမ်သက်တိမ်တိုက်အဖွဲ့သို့ သွားရောက်ကြသူများထံမှ သတင်းလုံးဝ ရောက်မလာခဲ့ပေ။

မာရီက လက်ရှိအချိန်တွင် မျက်မှောင်ကုတ်နေခဲ့ပြီဖြစ်၏။ သိသာစွာပင် သူ၏ စိတ်ခံစားချက်က အလွန်ဆိုးရွားနေခဲ့ပြီဖြစ်သည်။

အခြားအဖွဲ့နှစ်ခု၏ ခွန်အားများက ငြိမ်သက်တိမ်တိုက်အဖွဲ့နှင့် နှိုင်းစာလျှင် အများကြီး ပိုမိုအစွမ်းထက်ပေ၏။ သူတို့အား သွားရောက်တိုက်ခိုက်သူများက အဆင်ပြေခဲ့ကြသည်။ ခွန်အားအနိမ့်ကျဆုံးဖြစ်သည့် ငြိမ်သက်တိမ်တိုက်အဖွဲ့၌ ပြဿနာတစ်ခုနှင့် ကြုံတွေ့နေခဲ့ရပုံ ပေါ်ပေါက်နေခဲ့၏။

ခရမ်းနုရောင်စံအိမ်အဖွဲ့က ခေါင်းဆောင်သုံးယောက်ကို စေလွှတ်ခဲ့ပြီး အဖွဲ့ကြီးခြောက်ဖွဲ့ကို မျိုးဖြုတ်ကာ တောင်ပိုင်းကုန်းမြေတစ်ခုလုံး ခရမ်းနုရောင်စံအိမ်အဖွဲ့၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိစေရန် စီစဉ်ခဲ့ကြသည်။

အဖွဲ့ကြီးခြောက်ဖွဲ့၏ ထိပ်ပိုင်းအကြီးအကဲအားလုံး သူတို့လက်အောက်သို့ ရောက်ရှိနေခဲ့ကြပြီဖြစ်၏။ ထိုအဖွဲ့များကို တိုက်ခိုက်သတ်ဖြတ်ရခြင်းက လုံးဝပင် အင်အားစိုက်ထုတ်စရာ မလိုအပ်ခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now