Chapter 530

1.1K 137 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-3

(အကြံဉာဏ်တောင်းခံခြင်း)

"လူအိုကြီးသွမ့်… မင်းက အခုထိ ထွက်မလာသေးဘူးလား… မင်းကိုထွက်လာဖို့ ငါက ဖိတ်ပေးရဦးမှာလား….." ချီဟိုင်က ကြည်လင်သောအသံတစ်ခုဖြင့် ပြောဆိုလိုက်သည်။

အလွန်ပိန်သော အဖိုးကြီးတစ်ယောက်က လူတိုင်း၏ ရှေ့တွင် ထွက်ပေါ်လာခဲ့၏။ သူက လူတိုင်းပြောနေကြသည့် လူအိုကြီးသွမ့် ဖြစ်ပေသည်။

ချီဟိုင်က ပြုံးလိုက်ပြီး ယီယွမ်ကို ပြောဆိုလိုက်၏။ "လူအိုကြီးသွမ့်က ဟန်မဆောင်တတ်ဘူး… တော်တော်ရိုးသားတယ်လို့ မထင်နဲ့နော်… သူ့ရဲ့ခွန်အားက တော်တော်မြင့်မားပြီးတော့ သူတို့သုံးယောက်ထက်တောင် မြင့်မားတယ်… သူ့ရဲ့ စိတ်နေစိတ်ထားက ပျင်းရိပြီးတော့ သာမန်ကိစ္စတွေမှာ ပါဝင်မပတ်သက်ချင်ဘူး… ဒါကြောင့် သူက တောင်ပိုင်းကုန်းမြေမှာ လျှို့ဝှက်နေရာတစ်ခု ရှာဖွေပြီးတော့ အဲဒီမှာ တိတ်တဆိတ် နေထိုင်နေခဲ့တာပဲ….."

ယီယွမ်က ခေါင်းကို အသာညိတ်ခဲ့သည်။ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်က ဤသို့သောအဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ရန်မှာ အမှန်တကယ်ပင် မလွယ်ကူပေ။

ဤလူအိုကြီးသွမ့်က ထိုကိစ္စကို ပြန်လည်တုံ့ပြန်လိုစိတ် မရှိခဲ့ပေ။ သူက ချီဟိုင်၏ဘေးတွင် ထိုင်လိုက်ပြီး အစမှအဆုံးထိ မည်သည့်စကားကိုမှ မပြောခဲ့ပေ။

ချီဟိုင်က ထိုကိစ္စကို စိတ်ထဲမထားခဲ့ဘဲ လူတိုင်းကို ပြောဆိုခဲ့၏။ "ကောင်းပြီ… လူတိုင်းက ကိုယ့်စိတ်ကူးကို ဆက်ပြီးတော့ ဆွေးနွေးကြပါ…..ငါတို့လို အဖိုးကြီးတွေကို ဂရုမစိုက်ပါနဲ့….."

သူက ဤသို့ပြောလိုက်သည်တွင် လူတိုင်းက မည်သို့ဆွေးနွေးကြမည်ကို မသိကြတော့ပေ။

သို့သော် ဝူရုန်က အလျှော့မပေးဘဲ ချီဟိုင်ကို မေးမြန်းလိုက်သည်။ "လူအိုကြီးဟိုင်… ခင်ဗျားက တောင်ပိုင်းကုန်းမြေကို တစ်ခေါက်သွားခဲ့တာလား… သူတို့က ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်ငါးယောက်ကို တကယ်စေလွှတ်ခဲ့တာလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now