Chapter 538

1.1K 142 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-11

(ခင်ဗျားက နောင်တရနေပြီ)

ရန်ရှင်းချွန်း၏ အော်သံကြောင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

အကန့်အသတ်မဲ့နယ်ပယ်က မည်သို့သောအရာမျိုးဖြစ်ကြောင်း ဤနေရာရှိလူတိုင်းက သေချာသိရှိပေ၏။

ဒီစွမ်းအားက အဆုံးမဲ့ကမ္ဘာကြီးနဲ့ မသက်ဆိုင်တဲ့အရာတစ်ခုလေ… မိန်းကလေးငယ်တစ်ယောက်မှာ ဘာလို့ အဲဒီလိုအစွမ်းမျိုး ရှိနိုင်မှာလဲ…..

ရန်ရှင်းချွန်း၏ အဆင့်ဖြင့် မည်သည့်အတွက် သူကမှားယွင်းနိုင်မည်နည်း။

ဤသို့ဖြင့် လူတိုင်း၏ ယီယွမ်ကိုကြည့်သော အကြည့်များက ပြောင်းလဲသွားခဲ့သည်။

အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ယောက်က ယီယွမ်၏ဘေးတွင် အမှန်တကယ်ရှိနေခဲ့၏။

ဒါက ဘယ်လိုအဖြစ်အပျက်မျိုးလဲ…..

ရန်တုံက ပထမဆုံး သတိဝင်လာခဲ့ပြီး ယီယွမ်ကို တောင်းဆိုလိုက်သည်။ "ဆရာ… အဖိုးက တော်တော်လေး မောက်မာတယ်ဆိုပေမဲ့ သူ့ရဲ့ အပြစ်က သေဖို့မထိုက်တန်ပါဘူး… ဆရာ… ဆရာက သူ့ကိုလွှတ်ပေးလို့ရမလား….."

ရန်ရှင်းချွန်းက ပါးစပ်ဟ၍ တစ်စုံတစ်ရာကို ပြောဆိုရန်ပြင်လိုက်သော်လည်း သူက မည်သည့်စကားမှ မပြောနိူင်ခဲ့ပေ။

အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့်အတွက် သူက မောက်မာဝံ့ကြွားရန် ယုံကြည်ချက် လုံးဝပင်မရှိခဲ့ပေ။

ရန်ရှင်းချွန်း၏ သနားစဖွယ် အမူအရာကို မြင်လိုက်ရ၍ ယီယွမ်၏ စိတ်ထဲ၌ တိတ်တဆိတ် ကျေနပ်သွားခဲ့၏။

ယွဲ့မုန့်လီက မည်သည့်လှုပ်ရှားမှုကိုမှ အမှန်တကယ် မပြုလုပ်နိူင်သေးပေ။ သို့သော် သူမ၏ အစွမ်းအနည်းငယ်ကို ထုတ်ပြလိုက်သည်နှင့်ပင် အကျိုးသက်ရောက်မှု အလွန်ကြီးမားသွားပေသည်။

ဤကဲ့သို့ လက်ချောင်းတစ်ချောင်း မြှောက်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးမှ သဘာဝစွမ်းအင်များကို လှုပ်ရှားသွားစေသည့် အရာမှာ ယွဲ့မုန့်လီအတွက် အားစိုက်ထုတ်စရာပင် မလိုအပ်ပေ။ သို့သော် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် သိုင်းပညာရှင်များ၏ အမြင်တွင် ထိုအရာက နတ်ဘုရားကဲ့သို့ အဆင့်ဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora