Chapter 469

1.2K 142 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-11

(တုန်လှုပ်သွားခဲ့ကြသော ခရမ်းနုရောင်စံအိမ်အဖွဲ့)

"မင်းဘာပြောလိုက်တာလဲ… ငါ့ကို နောက်တစ်ကြိမ် ထပ်ပြောစမ်း….."

ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ အဓိကခန်းမ…..

ဟဲမင်သဲက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲ ကျူးမင်ယွီ၏ သတင်းပို့ချက်ကို ကြားသော် ပထမဆုံး သူက မယုံကြည်မှုများ ပြည့်နှက်နေသော မျက်နှာတစ်ခုဖြင့်
မတ်တတ်ထရပ်လိုက်သည်။ 

ကျူးမင်ယွီ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေခဲ့ပြီး ကြည့်ရသည်မှာ အလွန်ထိတ်လန့်စရာ ကောင်းနေခဲ့၏။

သို့သော် သူ၏ ဒဏ်ရာများကို ကုသခဲ့ပြီးဖြစ်ရာ ပြဿနာကြီးကြီးမားမား မရှိနိုင်တော့ပေ။

ဟဲမင်သဲ၏ မေးခွန်းထုတ်မှုကြောင့် ကျူးမင်ယွီက မျက်ရည်များဖြင့် ပြောလိုက်သည်။ "အ… အရှင်အဖွဲ့အရှင်သခင်… မဟာအကြီးအကဲဟဲနဲ့ မဟာအကြီးအကဲလျောင်တို့က ငြိမ်သက်တိမ်တိုက်အဖွဲ့ အဖွဲ့အကာအကွယ် မဟာဝင်္ကပါကြောင့် နေရာမှာတင် သတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်… ဒီခရီးရဲ့ တပည့်ပေါင်း ၁၅၀၀မှာ ဆုံးရှုံးခဲ့ရတာက တစ်ဝက်ကျော်ပါတယ်… ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲတွေတင် လူပေါင်း ၈၀လောက်နီးပါး ဆုံးရှုံးခဲ့ရပါတယ်ခင်ဗျာ….."

ကျူးမင်ယွီ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ရှိနေခဲ့သေး၏။ သူက ငြိမ်သက်တိမ်တိုက်အဖွဲ့ အဖွဲ့အကာအကွယ် မဟာဝင်္ကပါကို အသွေးအသားထဲမှ ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။

ပထမတွင် အဆင့်(1) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် မာရီက သေဆုံးခဲ့ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။ ထို့နောက် အဆင့်(4) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ဟဲကျွင်းနှင့် လျောင်ဝမ်ကွမ်းတို့က သူ၏ မျက်စိရှေ့တွင် သေဆုံးသွားခဲ့သည်။ ဤမြင်ကွင်းများကို သူ၏ ဘဝတစ်လျှောက်လုံး စိတ်ထဲမှ ထုတ်၍ ရတော့မည်မဟုတ်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora