Chapter 450

1.2K 143 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(35)

Chapter-6

(နှလုံးသားထဲတွင် ထိခိုက်သွားခြင်း)

လီအာ၏ ဦးခေါင်းက ပေါက်ထွက်လုမတတ် နာကျင်မှုကို ခံစားနေခဲ့ရ၏။ သူမက သူမ၏ခေါင်းကို ဖိနှိပ်၍ နာကျင်မှုဝေဒနာကို အားတင်းခုခံခဲ့သော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က မရပ်မနားပင် တုန်ယင်နေခဲ့သည်။

ဤမြင်ကွင်းက ရှောင်ရူယန်ကို ကြောက်ရွံ့စွာဖြင့် ဖြူဖျော့သွားစေခဲ့၏။

သူမ၏ အမြင်တွင် လီအာက အလွန်အဆင့်မြင့်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ လေအင်ပါယာပင် သူမ၏ လက်အောက်၌ သူမစိတ်ကြိုက် အသုံးတော်ခံပေးခဲ့ရ၏။ သူမက မည်သည့်အတွက် ခေါင်းကိုက်လာနိုင်မည်နည်း။

"အား….."

ထိုအချိန်၌ သတိလစ်အိပ်မောကျနေသော ယီယွမ်က အလွန်နာကျင်နေဟန်ဖြင့် မျက်ခုံးများတွန့်ကွေးနေခဲ့ပြီး ညည်းညူလိုက်သည်။

"ယီ… ဆရာ… အဆင်ပြေရဲ့လား….."

ထိုနှစ်ယောက်စလုံးက တစ်ပြိုင်တည်းပင် ညည်းညူခဲ့ကြခြင်းဖြစ်၏။ ရှောင်ရူယန်က လုံးဝပင် စိတ်ဓာတ်ကျသွားခဲ့ပြီး မည်သို့ဆက်လုပ်ရမည်ကို သူမက မသိခဲ့ပေ။

ယီယွမ်က သူ၏မျက်လုံးနှစ်လုံးကို ခက်ခက်ခဲခဲ ဖွင့်လိုက်ရပြီး ပတ်ဝန်းကျင် အနေအထားများက အလွန်ထူးဆန်းစွာဖြင့် ရင်းနှီနေကြောင်းကို သတိပြုမိသွားခဲ့သည်။

"ငါ… ငါမသေသေးဘူးလား….." ယီယွမ်က အားနည်းစွာဖြင့် ပြောလိုက်၏။

ဤတစ်ကြိမ်က ပြန်လည်မွေးဖွားလာခဲ့သော အချိန်မှစ၍ သူ့အတွက် အပြင်းထန်ဆုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အတိတ်တွင် သူရရှိခဲ့သော ဒဏ်ရာများက မည်မျှပင် ပြင်းထန်စေကာမူ သူက ဆေးလုံးများ စားသုံးလိုက်သည်နှင့် နှစ်ရက်အတွင်း သူက ပုံမှန်အခြေအနေသို့ ရောက်လာလေ့ရှိ၏။

သို့သော် ဤတစ်ကြိမ်တွင် လီအာကသာ သူ့ကိုကူညီပြီး နှလုံးခုန်မှုကို ကာကွယ်မပေးခဲ့လျှင် ယီယွမ်က သေဆုံးသွားရပေလိမ့်မည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now