Chapter 544

1.1K 131 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-3

(ဂုဏ်ပြုလက်ဆောင်)

ယနေ့ မြို့ပိုင်အရှင်သခင်ဂေဟာကို မီးအိမ်များ အလှဆင်ပစ္စည်းများဖြင့် အလှဆင်ထားခဲ့ပြီး ပျော်ရွှင်နေသော အငွေ့အသက်များ ပြည့်နှက်နေခဲ့ကြသည်။

ရန်ရှင်းချွန်း၏ ခက်ထန်သော စိတ်နေစိတ်ထားကြောင့် မြို့ပိုင်အရှင်သခင်ဂေဟာက အမြဲတမ်း အသက်မဲ့နေခဲ့၏။ စကားကျယ်ကျယ်ပြောရဲသူဟူ၍ တစ်ယောက်မှ မရှိခဲ့ပေ။

မြို့ပိုင်အရှင်သခင်ဂေဟာ၌ လူအများကြီး မရှိတော့သည်မှာ နှစ်ပေါင်းမည်မျှအထိ ကြာမြင့်နေခဲ့ပြီကို နတ်ဘုရားမှပင် သိနိုင်ပေမည်။

မြို့ပိုင်အရှင်သခင်ဂေဟာ၏ ဝင်ပေါက်က ပရိသတ်များနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။ ပွဲလာကြည့်သော လူအများနှင့် ဂုဏ်ပြုလက်ဆောင်များ လာရောက်ပေးအပ်ကြသော လူအများက ဝင်ပေါက်ရှေ့ရှိ လမ်းတစ်ခုလုံးကို ပိတ်ဆို့သွားအောင် များပြားလှပေ၏။

"မြို့ပိုင်အရှင်သခင်က ကိုယ့်အမှားကိုယ်ဝန်ခံတဲ့ လုပ်ရပ်တစ်ခုကို တကယ်လုပ်ဆောင်ခဲ့တယ်… ဒီဟာက တကယ်ကို မျှော်လင့်မထားတဲ့အရာပဲ….."

"ဟုတ်တယ်….မြို့ပိုင်အရှင်သခင်က ကမ္ဘာမှာ အထွတ်အထိပ် ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ… သူက အမြဲတမ်း မောက်မာဝံ့ကြွားတယ်… ဒီတစ်ကြိမ်မှာ သူက သူ့သမီးနဲ့ သားမက်အတွက် သူ့ကိုယ်သူ အမှားဝန်ခံတဲ့လုပ်ရပ်တစ်ခု လုပ်ဆောင်ခဲ့တယ်… အဲဒါက တကယ်ပဲ အံ့ဩစရာကောင်းတယ်လေ….."

"ဟီး… မင်းတို့တွေက သတိမထားမိကြသေးဘူး မဟုတ်လား… မြို့ပိုင်အရှင်သခင်က သူ့ကိုယ်သူ အမှားဝန်ခံတဲ့ လုပ်ရပ်က သူ့သမီးနဲ့ သားမက်အတွက် မဟုတ်ဘူး… သူ့ရဲ့မြေးအတွက်ကြောင့်ပဲ… ဝင်ပေါက်မှာ ဧည့်သည်တွေကို ဧည့်ခံကြိဆိုနေတဲ့ အဲဒီလူငယ်လေးပေါ့….."

"မင်းဘယ်လိုသိတာလဲ….."

"ငါ့ယောက်ဖရဲ့ ခယ်မရဲ့ တတိယအဒေါ်က မြို့ပိုင်အရှင်သခင်ဂေဟာမှာ အစေခံတစ်ယောက်လေ… ဒီကိစ္စက မြို့ပိုင်အရှင်သခင်ဂေဟာမှာ သတင်းပျံ့နေတာ ကြာလှပြီ… မြို့ပိုင်အရှင်သခင်ရဲ့ မြေးက အရမ်းအစွမ်းထက်တယ်တဲ့… သူက ချောင်မိသားစုရဲ့ မေးခွန်းတစ်ထောင်နံရံကို ကပြောင်းကပြန်ဖြစ်သွားလောက်အောင် ပြုလုပ်ခဲ့တယ်လို့ ငါကြားတယ်… မြို့ပိုင်အရှင်သခင်က ဒီမြေးကို လက်ခံလိုက်တဲ့အတွက် မြို့ပိုင်အရှင်သခင်ဂေဟာရဲ့ အင်အားက ပိုပြီးတော့ ကြီးမားလာလိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now