Chapter 442

1.1K 144 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(34)

Chapter-12

(အစစ်အမှန်ပုံစံ ဖော်ထုတ်ခံခဲ့ရခြင်း)

ရှောင်ရူယန်က ကျောက်စိမ်းပြားကို တွေဝေစွာဖြင့် လက်ခံလိုက်ပြီး သူမ၏ မျက်နှာအမူအရာက အလွန်စိတ်ရှုပ်နေခဲ့ပုံ ပေါ်နေခဲ့သည်။

သူမက ယီယွမ်ကို သူမ၏ ဆရာအဖြစ် အသိအမှတ်ပြုခဲ့ခြင်းမှာ ရွေးချယ်စရာ မရှိတော့၍သာ ဖြစ်ပြီး တစ်စုံတစ်ရာကို အမှန်တကယ် လေ့လာလိုခဲ့ခြင်း မဟုတ်ပေ။

ယီယွမ်က သူမအတွက် တပည့်ကြိုဆိုလက်ခံခြင်း လက်ဆောင်တစ်ခု အမှန်တကယ် ပြင်ဆင်ထားခဲ့မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။

"တစ်ချက်ကြည့်လိုက်ဦး… ဆရာက မင်းအတွက် စိတ်ဝိညာဉ်ကျင့်ကြံခြင်းမန္တန် တစ်ခုနဲ့ ဆေးဖော်စပ်မှုပညာရပ် နှစ်ခုကို ပြင်ဆင်ထားတယ်… မင်းက အနာဂတ်မှာ အဲဒါတွေကို ကောင်းကောင်းလေ့လာထားရမယ်….." ယီယွမ်က အသာပြုံး၍ ပြောလိုက်၏။

ရှောင်ရူယန်က ကျောက်စိမ်းပြားအတွင်းသို့ သူမ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ထည့်သွင်းပြီး စတင်လေ့လာခဲ့သည်။

ဤမြင်ကွင်းက လူတိုင်း၏ မျက်လုံးထဲတွင် အလွန့်အလွန် ရယ်စရာကောင်းနေခဲ့၏။

ယီယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ် အဆင့်က အနည်းနှင့်အများပင် ရှောင်ရူယန်နှင့် တူညီနေခဲ့ပြီး နှစ်ယောက်စလုံးက အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာများ ဖြစ်ကြသည်။ ယခု ယီယွမ်က သူနှင့် အဆင့်တူ အခြေအနေတွင် ရှိနေသော ခွန်အားပိုင်ဆိုင်သည့် မိန်းကလေးတစ်ယောက်ကို သူ၏ တပည့်အဖြစ် လက်ခံခဲ့ပေ၏။ မည်သို့ပင် ကြည့်ရှုစေကာမူ ထိုအရာက အလွန်ထူးဆန်းလှသည်။

"ဂျိချင်က ဘယ်လိုကစားကွက်မျိုး လုပ်ဆောင်နေလဲဆိုတာ မင်းတို့သိကြလား… ရှောင်ရူယန်က မြို့တော်ရဲ့ အလှပဂေးနှစ်ယောက်မှာ တစ်ယောက်အပါအဝင်ပဲ… ပြီးတော့ စောစောက ဂျိချင်ဒဏ်ရာရတဲ့အချိန်မှာ ရှောင်ရူယန်ရဲ့ စိတ်ပူသွားတဲ့ အဲဒီအကြည့်ကို မင်းတို့မြင်လိုက်ရလား… သူ့ကို ချစ်နေတာ အသိသာကြီးပဲ… သူက တကယ်ပဲ… သူမကို တပည့်တစ်ယောက်အဖြစ် လက်ခံမှာလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now