Chapter 434

1.1K 151 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

စာရေးသူ-ဖြိုးသူဝင်း

Book(34)

Chapter-4

(အောက်ဆင်းလာပြီး ကစားကြည့်မလား)

လေထဲတွင် ပွင့်ဖတ်များက တစ်သုတ်ပြီးတစ်သုတ် ကခုန်နေခဲ့ရာ ပန်းပွင့်ဖတ်များက မြေကွက်လပ်တစ်ခုလုံး ရွာချနေသည်နှင့် တူညီနေခဲ့သည်။

အကယ်၍ သူတို့ကသာ ဤအရာက ယီယွမ်၏ ဓားကွက်ဖြစ်ကြောင်းကို ကြိုတင်သိရှိခြင်း မရှိခဲ့ပါက ဤသို့ လှပသောမြင်ကွင်းကို လူများက အံ့အားတကြီး ရေရွတ်မိကြပေလိမ့်မည်။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကဲ့သို့ နယ်မြေတစ်ခုတွင် ပန်းပွင့်များက အောက်သို့ကျလာသည့် လှပသောမြင်ကွင်းကို မြင်တွေ့ရရန် အလွန်ရှားပါး၏။

ယီယွမ်က ထိုအရာကို သူတို့ဆီသို့ ယူဆောင်လာခဲ့သည်။

သို့ရာတွင် ဤလှပမှု၏ နောက်ကွယ်တွင် ပြင်းထန်သော အန္တရာယ်တစ်ခု ပုန်းအောင်းနေကြောင်း လူတိုင်းက သတိပြုမိခဲ့ကြပေ၏။

ကောင်းကင်မှ ဆင်းသက်လာပြီး မြေပြင်ကို ဖုံးအုပ်နေခဲ့သည့် ပန်းပွင့်ဖတ်များက လူအများကို ဆံပင်

ထောင်မတ်သွားသည်အထိ ထိတ်လန့်စေသော ခံစားချက်တစ်ခုကို ရရှိစေခဲ့သည်။

"ဘုရားရေ… အဲဒါက တကယ်ပဲ အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တစ်ယောက်က ထုတ်ဖော်လိုက်တဲ့ သိုင်းပညာရပ်တစ်ခုလား… အဲဒီကိစ္စက တော်တော်လေး ရယ်ဖွယ်ကောင်းတဲ့ အရာတစ်ခု မဟုတ်လား….."

"အဲဒီပန်းပွင့်ဖတ်တွေရဲ့ အရေအတွက်က စောစောလေးကသိုင်းကွက်မှာထက် အဆပေါင်းများစွာ ပိုနေခဲ့တယ်… စောစောလေးကပဲ သူက တစ်ကွက်တည်းနဲ့ အလယ်အလတ်အဆင့် ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင် ဆယ်ယောက်ကျော်ကို သတ်ပစ်နိုင်ခဲ့တယ်… ဒါဆိုရင် ဒီသိုင်းကွက်ရဲ့ စွမ်းအားက ဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ….."

"ဒီသိုင်းကွက်က တော်တော်လေးကို ကောင်းကင်ရဲ့အလိုနဲ့ ဆန့်ကျင်နေတယ်… အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး များပြားတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစွမ်းအင်တွေကို စုဆောင်းနိုင်တာလဲဆိုတာ ငါတကယ်ပဲ စဉ်းစားမရဘူး… တစ်စုံတစ်ယောက်ရဲ့ ကျွမ်းကျင်မှုစွမ်းရည်က ဘယ်လောက်အထိ မြင့်မားနေဖို့ လိုအပ်မလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now