Chapter 513

1.1K 132 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-14

(မေးခွန်းတစ်ထောင်နံရံ)

ရန်တုံက ပြောင်းလဲမှုလျော့နည်းခြင်း ပညာရပ်ကို လေ့ကျင့်ရန်အတွက် ဖုန်းယာဂေဟာမှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ယီယွမ်၏ နည်းလမ်းများကို မျက်မြင်တွေ့ရှိပြီးနောက် ရန်တုံက ရုတ်တရက်ပင် ကွဲပြားခြားနားသော ကောင်းကင်တစ်ခုကို ရှာတွေ့လိုက်သလို ခံစားခဲ့ရ၏။

သူလို မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်နှင့် မထိုက်တန်ပေ။

ယီယွမ်ကို သူ၏ ဆရာအဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ချက်က ပို၍အားကောင်းလာခဲ့သည်။

သို့သော် ဤသို့အနှောင့်အယှက် တွေ့ခဲ့ရသည့်တိုင် ယီယွမ်နှင့် မိန်းကလေးနှစ်ယောက်က လူမြင်ကွင်းသို့ ထွက်လာခဲ့ကြ၏။

သို့ရာတွင် ထွက်ခွာသွားသည်မှာ မကြာသေးသော ရှုကျိဟွေက ပြန်ရောက်လာခဲ့သည်။ သူ၏ မျက်နှာအမူအရာက အလွန်ရုပ်ဆိုးနေခဲ့၏။

"သခင်လေးယီ… မကောင်းတော့ဘူး… အကြီးအကဲ ကောင်းကင်မေပယ်… သူ… သူ့ကို ထက်မြက်သောကျောက်စိမ်းဂေဟာက ဖမ်းဆီးထားခဲ့ပါတယ်….." ရှုကျိဟွေက အမောတကော ပြောဆိုလိုက်သည်။

ယီယွမ်က ထိုစကားကိုကြားသော်  မျက်မှောင်ကုတ်သွားခဲ့ပြီး မေးမြန်းခဲ့၏။ "ဘာဖြစ်ခဲ့တာလဲ….."

ရှုကျိဟွေက ကပျာကယာပင် ရှင်းပြလိုက်သည်။ "အကြီးအကဲ ကောင်းကင်မေပယ်က ထက်မြက်သောကျောက်စိမ်းဂေဟာရဲ့ မေးခွန်းတစ်ထောင်နံရံကို စိန်ခေါ်ခဲ့ပါတယ်… ဒါပေမဲ့ ရလဒ်ကတော့ သူရှုံးနိမ့်သွားခဲ့ပါတယ်… အကြီးအကဲ ကောင်းကင်မေပယ်က ရလဒ်ကို လက်မခံနိုင်လို့ သူတို့နဲ့ စကားအနည်းငယ် ပြောခဲ့ပြီးတဲ့နောက် သူ့ကို ထက်မြက်သောကျောက်စိမ်းဂေဟာက ဖမ်းဆီးလိုက်ပါတယ်… ကျွန်တော်က အဲဒီသတင်းကို ကြားကြားချင်း ထက်မြက်သောကျောက်စိမ်းဂေဟာကို သွားပြီးတော့ စုံစမ်းမေးမြန်းခဲ့ပါတယ်… သူတို့က ဘာဆေးတွေမှားစားထားခဲ့လို့လဲ မသိနိုင်ပေမဲ့ ကျွန်တော့်ကို မျက်နှာသာမပေးဘဲ အကြီးအကဲ ကောင်းကင်မေပယ်ကို ဖမ်းဆီးထားတာကနေ ဘာကိစ္စပဲဖြစ်ဖြစ် လွှတ်မပေးနိုင်ဘူးလို့ ပြောလိုက်ပါတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now