Chapter 404

1.5K 173 4
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(1)

(စိတ်ကူးယဉ်မှု ပျက်စီးခြင်း)

"မင်း… တကယ်လို့ နောက်ထပ်တစ်ကြိမ် ဆရာ့အကြောင်း မလေးမစား ပြောဆိုရဲမယ်ဆိုရင် ငါက မညှာတာနိုင်တော့ဘူး….."

ယီယွမ်က လီတာအိုဟန်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ကာထပ်ကာ စော်ကားနေခဲ့၏။ နောက်ဆုံးတွင် ထိုအရာကို ကြယ်တာရာချောက်က သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲလာခဲ့ပြီဖြစ်သည်။

သို့သော် ယီယွမ်က သူ၏ခံစားချက်များကို မည်သည့်အတွက်ကြောင့် ထည့်တွက်နိုင်မည်နည်း။

"အဲဒီကောင်လေး လီတာအိုဟန်က မင်းကို ဘယ်လိုမျိုး သင်ပေးထားတာလဲ… မင်းက ကိုယ့်ရဲ့ဆရာတွေကို ရိုသေလေးစားရမယ်ဆိုတဲ့ အသိမရှိဘူးလား….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။

ကြယ်တာရာချောက်က မကျေမနပ်ဖြင့် ပြန်ပြောခဲ့သည်။ "တကယ်တော့ ငါက ငါ့ဆရာတွေကို ရိုသေလေးစားတယ်… ဒါပေမဲ့ အဲဒါက မင်းနဲ့ ဘာပတ်သက်လို့လဲ….."

"ငါက လီတာအိုဟန်ကို ငါ့ရဲ့တပည့်အဖြစ် မသတ်မှတ်ခဲ့ဘူး ဆိုပေမဲ့ ဘာကိစ္စပဲရှိနေရှိနေ သူကငါ့နောက်ကို နှစ်ပေါင်းတစ်ရာနီးပါး လိုက်ပါခဲ့တယ်… ငါကသူ့ရဲ့ ဆရာတစ်ပိုင်းဖြစ်တယ်လို့ ပြောရင်မလွန်ဘူးမလား… တကယ်လို့ မင်းကငါ့ကို မယဉ်မကျေး ဆက်ဆံတယ်ဆိုရင် မင်းရဲ့ဆရာကို စော်ကားတာမဟုတ်လို့ ဘာကိစ္စဖြစ်ဦးမလဲ….."

"ဒါက….."

"အင်း… အခု ငါက
ကွင်းပြင်ထဲရောက်နေတဲ့ ကျားတစ်ကောင်လိုပဲ… တကယ်လို့ မင်းကငါ့ကို သတ်ချင်တယ်ဆိုရင် မင်းစိတ်ကြိုက်လုပ်ပါ… ဒါပေမဲ့ တကယ်လို့ မင်းက နတ်ဘုရားနိုင်ငံတော်ကို တက်ရောက်နိုင်ခဲ့ပြီဆိုရင် လီတာအိုဟန်ကို လုံးဝသွားမတွေ့နဲ့နော်… မင်းကငါ့ကို သတ်ခဲ့တဲ့အကြောင်း သူသိသွားမယ်ဆိုရင် လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ မင်းကို တစ်ချက်တည်းနဲ့ သေအောင် သတ်ပစ်လိမ့်မယ်… တကယ်တော့ မင်းရဲ့အရည်အချင်းနဲ့ နတ်ဘုရားနိုင်ငံတော်ကို တက်ရောက်ဖို့ဆိုတာက အလွန်စိန်ခေါ်မှုကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်နေမှာပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now