Chapter 543

1.1K 129 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-2

(တောက်ပသော ကျောက်စိမ်းဆေးလုံး)

ယီယွမ်က ဆေးပုလင်းသေးတစ်လုံးကို ညွှန်ပြ၍ ပြောလိုက်သည်။ "အဖေက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရောက်ရှိနေပြီ… ဒီပင်လယ်ကျယ်ပြန့်ခြင်းဆေးလုံးက အဖေ့ကို သဘာဝစွမ်းအင်ပင်လယ်တစ်ခု ဖြစ်ပေါ်လာတဲ့နေရာမှာ ကူညီပေးပါလိမ့်မယ်… ပြီးရင်တော့ အဖေက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်ကို ရောက်ရှိသွားပါလိမ့်မယ်….."

ထိုစကားကိုကြားသော် ယီဟန်က အလွန်ဝမ်းသာသွားခဲ့၏။ ယီယွမ်ကို လျှို့ဝှက်၍ ပညာသင်ပေးခဲ့သည့် ဆန်းကြယ်သောဆရာတစ်ဦး ရှိနေပြီး သူ၏ဦးနှောက်ထဲတွင် မရေမတွက်နိုင်သော ဆေးညွှန်းများ ရှိနေသည်ကို ယီဟန်က သိရှိပေသည်။

ပင်လယ်ကျယ်ပြန့်ခြင်းဆေးလုံး အကြောင်းကို သူတစ်ခါမှ မကြားခဲ့ပေ။ သို့သော် ယီယွမ်က ထိုဆေးလုံးကို သူ့အတွက် ထုတ်ပေးခဲ့၍ ထိုဆေးလုံးက သာမန်ဆေးလုံးတစ်လုံး မဟုတ်နိုင်ပေ။

ယန်ကိုးမျိုး ဝိညာဥ်ဘရစ်စတယ် နတ်ဘုရားသိုင်းပညာရပ်နှင်​့ စိတ်ဝိညာဥ်တစ်ထောင် ပွားများခြင်းမန္တန်တို့ကို ကျင့်ကြံခဲ့သည့် အချိန်မှစ၍ ယီဟန်၏ ကျင့်ကြံခြင်းက တစ်ဟုန်ထိုး မြင့်တက်လာခဲ့၏။ တိုတောင်းသောအချိန်အတွင်း သူက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံနိူင်ခဲ့ပြီဖြစ်သည်။

အမြုတေကို ဖျက်ဆီးပြီး ပင်လယ်ဖြစ်ပေါ်လာ​ေစခြင်းက သိုင်းပညာရှင်များအတွက် အရေးကြီးသော အဆင့်ဖြစ်၏။ ဤပင်လယ်ကျယ်ပြန့်ခြင်းဆေးလုံးက ပုံမှန်အားဖြင့် ယီဟန်နှင့် အသင့်တော်ဆုံး ဖြစ်ပေသည်။

"နောက်ထပ်ပုလင်းကရော….." ယီဟန်က သိချင်စွာဖြင့် မေးမြန်းလိုက်၏။

ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့သည်။ "နောက်ပုလင်းထဲက ဆေးလုံးကို တောက်ပသော ကျောက်စိမ်းဆေးလုံးလို့ ခေါ်တယ်… ဒီဆေးလုံးက သိုင်းပညာရှင်တစ်ယောက်ရဲ့ တန်းထျင်ကို တိုက်ရိုက်သက်ရောက်ပြီးတော​​့ ပျက်စီးနေတဲ့တန်းထျင်ကို ပြန်လည်ပြင်ဆင်ပေးတယ်… ဒီဆေးလုံးကို ဖော်စပ်ဖို့ ပြဿနာနည်းနည်းများနေလို့ အချိန်တော်တော်လေး ကြာသွားခဲ့တာပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Hikayelerin yaşadığı yer. Şimdi keşfedin