Chapter 458

1.2K 155 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(35)

Chapter-14

(ငြိမ်သက်တိမ်တိုက်အဖွဲ့ကို သေသည်အထိ ခုခံကာကွယ်ခြင်း)

နေရာတိုင်းတွင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေသော အလောင်းများကိုကြည့်၍ ကျန်းကျင့်က အချိန်အတော်ကြာသည်အထိ မှင်တက်နေခဲ့သည်။

သုံးလဟူသည့် တိုတောင်းသော အချိန်အပိုင်းအခြားအတွင်း ယီယွမ်က သူတို့အဖွဲ့သားများနှင့် လုံးဝပင် ကွာခြားသောအဆင့်တစ်ခုတွင် ရောက်ရှိသွားခဲ့ပြီဖြစ်၏။

သူက အဓိကနယ်ပယ်ကြီးတစ်ခု မြင့်တက်သွားခဲ့ရုံတင်သာမကဘဲ  တိုက်ခိုက်မှုခွန်အားအရာတွင် သူ၏ခွန်အားက အဆင့်(7) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို ချက်ချင်းသတ်ဖြတ်နိုင်သော ခွန်အားရှိလာခဲ့ပြီဖြစ်သည်။

အဓိကနယ်ပယ်ကြီးတစ်ခု ခုန်တက်ပြီး တိုက်ခိုက်နိုင်မှုမှာ ကျန်းကျင့်က မျှော်မှန်းရဲခြင်းမရှိသည့် အရာတစ်ခုဖြစ်၏။ သို့သော် ယီယွမ်က ထိုအရာကို အင်အားစိုက်ထုတ်ရခြင်းမရှိဘဲ လုပ်ဆောင်သွားနိုင်ခဲ့သည်။

ယီယွမ်က အဖွဲ့ကို ဝင်ရောက်လာချိန်တွင် သူကလိုက်လံစီစဉ်ပေးခဲ့ရချိန် အကြောင်းကို စဉ်းစားကြည့်လိုက်သောအခါ ထိုအရာက အခြားလူတစ်ယောက် ဖြစ်ပေလိမ့်မည်ဟူသော ခံစားချက်တစ်ခုကို ခံစားခဲ့ရ၏။

သူတို့နှင့် မနီးမဝေးတွင် ရှိနေခဲ့သော ထိုလူငယ်လေးက အခြားကမ္ဘာတစ်ခုမှ တစ်စုံတစ်ယောက်ဖြစ်နေချိန်၌ သူတို့က ဤကမ္ဘာမှ သာမန်လူများ ဖြစ်သွားခဲ့ကြသည်။

"သူ့ကို မတွေ့ရတာ လနည်းနည်းလောက် ရှိနေခဲ့ပေမဲ့ ဂျူနီယာညီလေးယီက ဒီလိုအဆင့်မျိုးအထိ တကယ်ပဲ ရောက်ရှိသွားခဲ့ပြီ….." ကျန်းကျင့်က သူ့ကိုယ်သူ ပြောနေခဲ့ပေ၏။

အမှန်တကယ်တွင်မူ မိုယုထန်၏ နှလုံးသားမှ အံ့အားသင့်မှုက ကျန်းကျင့်ထက် အများကြီးနိမ့်ကျခြင်း မရှိခဲ့ပေ။ ယီယွမ်၏ လက်ရှိ တိုက်ခိုက်မှုခွန်အားက မှင်တက်စရာ ကောင်းနေကြောင်းကို သူသိထားခဲ့သော်လည်း ဤတစ်ကြိမ်က ထိုအရာကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now