Chapter 565

1K 131 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-10

(သူက မင်းတို့တွေနဲ့ မတူဘူး)

"အို… လူအိုကြီးဟိုင်… ယီယွမ်က အထဲမှာဘာလုပ်နေလဲဆိုတာ လူအိုကြီးဟိုင်က သိနေတာလား….." ချီဟိုင်၏ အပြုအမူကိုမြင်သော် ရန်ရှင်းချွန်းက အနည်းငယ် အံ့ဩသွားခဲ့သည်။

ချီဟိုင်က အသာအယာပြုံး၍ ပြောဆိုလိုက်၏။ "ယီယွမ်ရဲ့အဆင့်က သူများတွေနဲ့ ကွာခြားတယ်… သူမြင်တဲ့ကိစ္စတွေကလည်း ကွာခြားမှာပဲ… ပထမအလွှာနဲ့ ဒုတိယအလွှာမှာ ဒီမွန်းသားရဲတွေ မရေမတွက်နိုင်အောင်ရှိတယ်… ပြီးတော့ အဲဒီဒီမွန်းသားရဲတွေက အစစ်အမှန်ခန္ဓာကိုယ် မရှိကြလို့ လေ့ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားပေးဖို့ အကောင်းဆုံး အထောက်အပံ့ပဲ… ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သူက အဲဒီဒီမွန်းသားရဲတွေကို အသုံးပြုပြီး သူ့ကိုယ်သူ ဖိအားပေး လေ့ကျင့်နေတာပဲ ဖြစ်လိမ့်မယ်… ဒါကြောင့် သူက အလွှာတိုင်းမှာ အချိန်ပြည့်နေပြီးမှ နောက်တစ်လွှာကို တက်ရောက်သွားတာပဲ….."

ရန်ရှင်းချွန်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။

ခင်ဗျားက ယီယွမ်ကို တော်တော်လေး ယုံကြည်နေရင်တောင် ဒါကလွန်ကဲသွားပြီ မဟုတ်လား…..

စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တွေတောင် ပထမအလွှာမှာ အချိန်အကြာကြီး မနေရဲဘူးလေ… ယီယွမ်က အချိန်ပြည့်ကာနီးအထိ တစ်ယောက်တည်း နေရဲပါ့မလား…..

ပြီးတော့ အခြားသူတွေ မပါဘူးဆိုရင် သူတစ်ယောက်တည်း ဘယ်လိုလုပ်ကျော်ဖြတ်နိုင်မှာလဲ…..

"လူအိုကြီးဟိုင်… ယီယွမ်ရဲ့ခွန်အားက တော်တော်လေး ကောင်းမွန်ပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိနေသေးတယ်လေ… ဒီလိုမျိုး အထဲမှာလေ့ကျင့်နေရင် သူ့ရဲ့ သဘာဝစွမ်းအင်တွေက တောင့်မခံနိုင်မှာကို စိုးရိမ်မိပါတယ်….." ရန်ရှင်းချွန်းက အချက်ကျကျ ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now