Chapter 409

1.2K 152 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(7)

(အမှားဝန်ခံခြင်း)

တစ်နေ့နှင့် တစ်ညအတွင်း လေမြန်အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ကြီးများစွာက ခန်းမတစ်ခုတွင် စုဝေးခဲ့ကြပြီး သူတို့အားလုံးက မျက်မှောင်ကုတ်နေခဲ့ကြသည်။

"လူအိုကြီးဂျင်… မှော်ဆေးပညာရှင် အစည်းအရုံးက အဲဒီလူတွေကို အရူးတွေလို့ ခင်ဗျားထင်လား… သူတို့က အဆင့်မြင့်အဆင့် သဘာဝသလင်းတုံးတွေ အများကြီး မရချင်တော့တာလား… ငါတို့နဲ့ ဟန်ဆောင်ပန်ဆောင် ဆက်ဆံဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိတော့ဘူးပေါ့….." ခေါင်းဆောင်တစ်ယောက်က ခါးခါးသီးသီးပင် မေးမြန်းခဲ့၏။

ဂျင်ဟွမ်းကျန်းကလည်း မျက်နှာပျက်နေခဲ့ပေသည်။

"ဟုတ်တယ်… လူအိုကြီးဂျင်… ကျုပ်တို့ထဲမှာ ခင်ဗျားက အတွေ့အကြုံ အရင့်ဆုံးပါ… ခင်ဗျားမှာ အကြံတစ်ခုတော့ ရှိနေမှာပေါ့… ကျုပ်တို့က မကြာမီအချိန်အတွင်းမှာ စစ်ထွက်ရတော့မှာနော်… တကယ်လို့ ကျုပ်တို့မှာ အဲဒီဆေးလုံးအများကြီးရဲ့ အာမခံချက် မပါဝင်ဘူးဆိုရင် အဆုံးမဲ့ကမ္ဘာကြီးက သိုင်းပညာရှင်တွေနဲ့ တိုက်ခိုက်တဲ့အခါ ကျုပ်တို့က ဘာတွေသုံးရတော့မှာလဲ….." နောက်ထပ် ခေါင်းဆောင်တစ်ယောက်က ပြောလိုက်၏။

"လူအိုကြီးဂျင်… သူတို့က ကျုပ်တို့ပေးနေတဲ့ သဘာဝသလင်းတုံးတွေက နည်းပါးနေတယ်လို့ ယူဆပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကျုပ်တို့ဆီက သဘာဝသလင်းတုံးတွေ ပိုမိုရရှိအောင် တောင်းမယ်ဆိုတဲ့ ဆန္ဒရှိနေတယ်လို့ ခင်ဗျားယူဆလား….."

ဂျင်ဟွမ်းကျန်းက စိတ်ထဲတွင် ဒေါသထွက်နေခဲ့သော်လည်း သူ၏လက်ကို ဝှေ့ယမ်း၍ ပြောဆိုခဲ့သည်။ "ကောင်းပြီ… ကောင်းပြီ… မဆူကြတော့နဲ့… မနက်ဖြန်နံနက်ခင်းမှာ ငါက ယန်ရှို့ဆီသွားပြီး သူ့ရဲ့သဘောထားကို စစ်ဆေးကြည့်မယ်… ဒီကိစ္စက ဒီလောက် မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်… အားလုံးပဲ စိတ်အေးအေးထားပြီး သည်းခံကြပါဦး… အခုပြန်အနားယူလိုက်ကြ… မနက်ဖြန် ငါ့ဆီက သတင်းကို စောင့်နေကြပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now