Chapter 537

1.1K 134 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-10

(ချစ်ခင်သူများနှင့် နောက်ပါများကြောင့် စွန့်လွှတ်ခြင်း)

ဖုန်းယာဂေဟာတွင်…..

ယီဟန်နှင့် ရန်ဟုန်လင်တို့က မျက်ရည်များဖြင့် ပွေ့ဖက်နေခဲ့ကြသည်။

ယီယွမ်က ဤမြင်ကွင်းကိုကြည့်၍ သူ၏နှလုံးသားထဲ၌ အလွန်နာကျင်သွားခဲ့၏။

လမ်းတစ်လျှောက်တွင် ယီဟန်က ယီယွမ်ကို အရာအားလုံး ပြောပြခဲ့ပြီးဖြစ်ရာ ယီယွမ်က အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။

ရန်ရှင်းချွန်းက သူ၏ သွေးရင်းအဖိုးဖြစ်နေမည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။

ထို့ပြင် ဤအဖိုးကြီးက အကျိုးအကြောင်းကို နားမထောင်ဘဲ အဆုံးစွန်အထိ မောက်မာခဲ့ပေ၏။

အတိတ်တွင် ထက်မြက်သောကျောက်စိမ်းဂေဟာ၌ ရန်ရှင်းချွန်းနှင့် တစ်ကြိမ်အငြင်းပွားပြီးနောက် ဤအဖိုးကြီးက အကျိုးသင့်အကြောင်းသင့် လုပ်ဆောင်နိုင်စွမ်းမရှိသည့် လူတစ်ယောက်ဟူ၍ ယီယွမ်က ခံစားနေခဲ့ရသည်။  

ယီယွမ်က ဤခန္ဓာကိုယ်အတွင်း၌ အချိန်တစ်ခုကြာအောင် နေရာယူထားခဲ့ပြီးဖြစ်၍ ယီဟန်နှင့် ရန်ဟုန်လင်တို့ကို သူ၏အရင်းနှီးဆုံးလူများအဖြစ် သတ်မှတ်ထားခဲ့ပေ၏။

ရန်ရှင်းချွန်းက သူ၏သားမက်ကို သေဒဏ်ပေးခြင်းမှာ ဤကဲ့သို့ ရယ်ရွှင်ဖွယ် အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်နေခဲ့သည်။ ထိုအရာက အဆုံးစွန်အထိ အဓိပ္ပာယ်မရှိခြင်းဖြစ်၏။

အကယ်၍ ယီယွမ်ကသာ ရှုကျိဟွေကို တောင်းဆိုမထားခဲ့လျှင် သို့မဟုတ် သေဒဏ်စီရင်မည့်သူက ရှုကျိဟွေမဟုတ်ခဲ့လျှင် ယီယွမ်က သူ၏အဖေကို တစ်သက်လုံးခွဲခွာရပေတော့မည်။

ရန်ဟုန်လင်နှင့် ယီဟန်တို့၏ မေတ္တာတရားအရ အကယ်၍ ယီဟန်သေဆုံးသွားခဲ့လျှင် ရန်ဟုန်လင်က တစ်ယောက်တည်း အသက်ရှင်နိုင်မည်မဟုတ်တော့ပေ။

သူက မှော်ဆေးပညာရှင်အင်ပါယာ ဖခင်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ သူက အဆင့်နိမ့်နယ်မြေမှ ဖခင်ကို နောက်ထပ်တစ်ကြိမ် ဆုံးရှုံးလိုစိတ် မရှိတော့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now