Chapter 405

1.3K 153 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(3)

(သူကဒီနေ့ သေချာပေါက် သေရမယ်)

"အမ်… မင်းက အချို့အရာတွေမှာ စွမ်းရည် ရှိနေတာပဲ….."

အဝါရောင်ဝတ်စုံဝတ် လူငယ်လေးက အနည်းငယ် မှင်တက်မိသွားခဲ့၏။ အဆင့်(2) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ငချွတ်လေး တစ်ယောက်က သူ၏အင်္ကျီလက်စ ခွန်အားကို အင်အားထုတ်စရာမလိုဘဲ တားဆီးနိုင်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။

"အလင်းဖြူ… ဒီနေရာကိုလာခဲ့… ငါတို့သွားရအောင်….." ယီယွမ်က  ထိုအလွန်မောက်မာသော လူငယ်လေးကို အဖက်မလုပ်တော့ဘဲ အသာအယာ ခေါ်လိုက်သည်။

အလင်းဖြူက အသံတိုးတိုးဖြင့် မာန်ဖီလိုက်ပြီး ရှန့်ကွမ်လင်ရှဲ့၏ ပွေ့ဖက်ထားမှုမှ လွတ်မြောက်ရန် ရုန်းထွက်လာခဲ့၏။ မျက်စိတစ်မှိတ်အချိန်အတွင်း သူက ယီယွမ်၏နောက်သို့ ရောက်လာပြီး ပုန်းကွယ်နေခဲ့သည်။

"အမ်… သူ့ကို အလင်းဖြူလို့ ခေါ်တာလား… ဘယ်လောက်တောင် ချစ်ရာကောင်းတဲ့ နာမည်လဲ… သူက ရှင်ကျွေးမွေးပြုစုထားတဲ့ ကျားဖြူငယ်လေးလား….." ရှန့်ကွမ်လင်ရှဲ့က သူမ၏မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ယီယွမ်ကို သိချင်စိတ်အပြည့်ဖြင့် မေးမြန်းလိုက်၏။

"အဲဒီလိုဆိုတော့ ဘာဖြစ်လို့လဲ….." ယီယွမ်က မပြတ်မသား ပြောဆိုခဲ့သည်။

အဝါရောင်ဝတ်စုံဝတ် လူငယ်လေး၏အပြုအမူက ယီယွမ်ကို အလွန်အမင်း မကျေမနပ် ဖြစ်သွားစေခဲ့၏။ အိပ်တန်းတက်စရာ အိမ်အဖြစ်
သုံးပေးခဲ့မည်ဆိုလျှင် ငှက်များကပင် အိပ်တန်းတက်စရာနေရာတစ်ခု အဖြစ်မလုပ်ဆောင်ဘဲ ထိုနေရာကို မုန်းတီးကြပေလိမ့်မည်။ ယီယွမ်က ပုံမှန်အားဖြင့် ရှန့်ကွမ်လင်ရှဲ့ကို ကြိုက်နှစ်သက်သော ခံစားချက်ဟူ၍ အများကြီးမရှိပေ။

ရှန့်ကွမ်လင်ရှဲ့က စကားပြောမည့်အချိန်တွင် အဝါရောင်ဝတ်စုံဝတ် လူငယ်လေးက ဝင်ရောက်ဆုံးမပေးခဲ့သည်။ "ရိုင်းစိုင်းလိုက်တာ… သူမက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား… ဒီလိုမျိုး ရိုင်းစိုင်းရဲတဲ့အထိ တော်တော်သတ္တိရှိနေတာပဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now