Chapter 516

1.1K 127 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-3

(ချောင်ဖန့်၏ မကျေနပ်ချက်)

"ဒါက အရှင်ဝူရွှမ်… သူကဘာလို့ ဒီနေရာကို ရောက်လာတာလဲ….."

"အရှင်ဝူရွှမ်က မှော်ဆေးပညာရှင် အစည်းအရုံးရဲ့ အကြီးအကဲတစ်ယောက်ပဲ… အစည်းအရုံးမှာ တာဝန်ကျတာကလွဲပြီးတော့ သူက အပြင်ကိုထွက်လာတာ ရှားပါးတယ်… သူကဘာလို့ ဒီနေရာကို ရောက်လာရတာလဲ….."

"သူက အဲဒီကောင်လေးအတွက် ဒီကိုရောက်လာတာများ ဖြစ်နေမလား… ဒီလူငယ်လေးက ဘယ်သူများလဲ….."

ရောက်ရှိလာသူမှာ ဝူရွှမ်ပင်ဖြစ်သည်။

ယီယွမ်က မိုက်မဲစွာဖြင့် ထက်မြက်သောကျောက်စိမ်းဂေဟာသို့ တစ်ဦးတည်း သွားရောက်လိုခြင်းမရှိပေ။ ဤနေရာက အခြားသူများ၏ ပိုင်နက်နယ်မြေဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ အခြားသူများက နောက်ဆုံးအဆုံးအဖြတ်ဖြစ်သည်။

မှော်ဆေးပညာရှင်အစည်းအရုံးက ကမ္ဘာကြီး၏ အပေါ်တွင်ရှိနေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေ၏။ ဤနေရာသို့ လာရောက်ခြင်းက လုံးဝပင် ပြီးပြည့်စုံသော အရာဖြစ်သည်။

ဤနေရာသို့ မလာရောက်ခင် ယီယွမ်က ရှုကျိဟွေအား ဝူရွှမ်ကို ဤနေရာသို့ လာရောက်၍ သူ့ကို ထောက်ခံပေးရန် ဖိတ်ကြားခိုင်းခဲ့ပေ၏။

ယီယွမ်၏ ထိုနေ့က အပြုအမူမှ ကောင်းမွန်ခြင်းမရှိသော်လည်း ဝူရွှမ်၏ အရည်အချင်းရှိသူကို လေးစားသော အချက်အား ကြည့်လိုက်လျှင် သူက ဤအကူအညီပေးရန် ဆန္ဒရှိပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဝူရွှမ်က အမှန်တကယ် ရောက်လာခဲ့သည်။

သို့သော် ဤကျေးဇူးကို ယီယွမ်က သေသေချာချာ မှတ်သားထားပေ၏။  အနာဂတ်တွင် သေချာပေါက် ပြန်လည်ပေးဆပ်ရပေမည်။

"အ… အရှင်ဝူရွှမ်… ဘာလို့ဒီနေရာကို ရောက်လာတာလဲ….." လင်အာက ဝူရွှမ်ကိုမြင်သော် သူမ၏ မျက်နှာအမူအရာက အလွန်ထူးဆန်းသွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now