Chapter 446

1.1K 142 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(35)

Chapter-2

(အစဉ်အလာမဟုတ် စော်ကားခံရခြင်း)

"ငါ့ရဲ့တပည့်အကြောင်း ငါသေချာသိတယ်… တကယ်လို့ ငါကကြိုမသိခဲ့ဘူးဆိုရင် ဘာလို့ အခုအချိန်မှာ ရောက်လာခဲ့မှာလဲ….." ကြယ်တာရာချောက်က ပြောလိုက်သည်။

"မင်းက မှော်ဆေးပညာရှင် အစည်းအရုံးရဲ့ ဦးစီးမှူးဖြစ်ပေမဲ့ မင်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှာ မွေးဖွားပြီး ကြီးပြင်းလာခဲ့တာလေ… မင်းက မင်းကို မြှင့်တင်ပေးခဲ့တဲ့ ဒီနယ်မြေကို ဒီလိုမျိုးနဲ့ ကျေးဇူးဆပ်လိုက်တာလား….."

"ပထမအချက်က ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို ပျက်စီးအောင် ဘာမှမလုပ်ခဲ့ဘူး… ဒုတိယအချက်က ငါ့ရဲ့တပည့်ကလည်း ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး ပျက်စီးရမယ့် ကိစ္စတစ်ခုမှ မလုပ်ခဲ့ဘူးလေ… အခုဖြစ်နေတဲ့ ခန့်မှန်းချက်တွေက မင်းရဲ့ဆုံးဖြတ်ချက်အတိုင်း ထွက်ပေါ်လာခဲ့တာပဲ… ငါ့ရဲ့တပည့်က သူ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေကို ကယ်ဆယ်ဖို့ လာခဲ့တာလေ… တိတိကျကျပြောရမယ်ဆိုရင် ငါ့တပည့်က ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို လာရောက်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေကို  လေမြန်အစောင့်တပ်ဖွဲ့က ဖမ်းဆီးလာခဲ့လို့ပဲ မဟုတ်လား….."

"ဒါပေမဲ့ မင်းကလည်း ဒီကောင်လေးရဲ့ ခွန်အားကို မြင်ပြီးပြီနော်… တကယ်လို့သာ ငါတို့က သူ့ကို လွတ်လွတ်လပ်လပ် လွှတ်ပေးလိုက်မယ်ဆိုရင် သူက ငါတို့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ သေစေနိုင်တဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်… သူက လွတ်သွားပြီဆိုတာနဲ့ နောက်တစ်ကြိမ်ကျရင် ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ သိုင်းပညာရှင်တွေ အများကြီးက သူ့လက်ထဲမှာ သေသွားကြလိမ့်မယ်… မင်းကလည်း ကမ္ဘာတစ်ခုရဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ… မင်းရဲ့လူတွေအတွက် မင်းက မဆုံးဖြတ်တော့ဘူးလား….."

လူနှစ်ယောက်က နှစ်ပေါင်းများစွာ ဝေးကွာနေကြသော မိတ်ဆွေဟောင်းများကဲ့သို့ တက်ကြွစွာဖြင့် စကားပြောဆိုနေခဲ့ကြ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now