Chapter 480

1.2K 150 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-9

(မင်းကသူ့ရဲ့ ပြိုင်ဖက်မဟုတ်ဘူး)

ဤတစ်ကြိမ်တွင် လျှိုချင်ဖုန်းက သူ၏စိတ်ထဲ၌ အနိုင်ရရန် မျှော်လင့်ချက် လုံးဝမရှိခဲ့ပေ။

အသင်္ချေဓားအဖွဲ့က ငြိမ်သက်တိမ်တိုက်အဖွဲ့ကို မေ့လျော့သွားခဲ့ခြင်း မရှိသည့်အပြင် ဤတစ်ကြိမ် အဖြစ်အပျက်မှတစ်ဆင့် အခွင့်အရေးရယူရန်ပါ ပြင်ဆင်ထားခဲ့သည်။

အမှန်တကယ်တွင် လက်ရှိ
ငြိမ်သက်တိမ်တိုက်အဖွဲ့က အသင်္ချေဓားအဖွဲ့၏ မျက်လုံးထဲတွင် ရှိမနေတော့ပေ။ ထိုသို့မဟုတ်ခဲ့လျှင် သူတို့က သူတို့၏ တပည့်သုံးယောက်ကိုသာ စေလွှတ်လိုက်မည် မဟုတ်ပေ။

သို့သော် သူတို့၏ ရှေ့မှ လူသုံးယောက်၏စွမ်းအားက လူတိုင်း တွေးနိုင်သည်ထက် ပိုလွန်နေခဲ့ပြီဖြစ်၏။

လူသုံးယောက်ထဲတွင် အားအနည်းဆုံးဖြစ်သည့် လီကျွင်းကျဲကပင် ဓားတစ်ချက်တည်းဖြင့် ရှောင်ကျန့်ကို အမှန်တကယ် ဒဏ်ရာရရှိသွားစေခဲ့သည်။ ချင်ယန်း၏ ခွန်အားကို စမ်းသပ်အနိုင်ယူရန် လွယ်ကူမည်မဟုတ်ပေ။

ယီယွမ်က သူ၏လက်နှစ်ဖက်ကို ဆုပ်၍ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "စီနီယာအစ်ကိုလီက အစွမ်းထက်ပါပေတယ်… ညီငယ်က အဲဒါကို လေးစားမိပါတယ်… ခဏနေရင် စီနီယာက အင်အားကို ထိန်းချုပ်ပေးပါဦးနော်….."

"ဟားဟား… စိတ်အေးအေးထားပါ… ငါက သေချာပေါက် လွယ်ကူသွားအောင် လုပ်ပေးပါ့မယ်….." လီကျွင်းကျဲက ကျယ်လောင်စွာရယ်မော၍ ပြောဆိုခဲ့သည်။

စောစောလေးတွင် လီကျွင်းကျဲက လျှိုချင်ဖုန်းထံ၌သာ အာရုံစိုက်ထားခဲ့၍ ယီယွမ်ကို အမှန်တကယ်ပင် သတိမထားမိခဲ့ပေ။

ယခု ဤကဲ့သို့ ငယ်ရွယ်သော ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်တစ်ယောက်က ရှေ့ထွက်လာခဲ့ပြီဖြစ်၏။ ထိုအရာက သူ့ကို အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။

ယီယွမ်ကဲ့သို့ ငယ်ရွယ်သော ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်သိုင်းပညာရှင်ကို အသင်္ချေဓားအဖွဲ့တွင် ထားရှိခဲ့မည်ဆိုလျှင် ဖီးနစ်ငှက်၏ အမွေးတစ်ချောင်းကဲ့သို့၊ ချီလင်သတ္တဝါဆန်း၏ ဦးချိုကဲ့သို့သော အဆင့်အတန်းအဖြစ် တန်ဖိုးထားခံရပေမည်။ ကြည့်ရသည်မှာ ငြိမ်သက်တိမ်တိုက်အဖွဲ့က ထိုသို့ အစွမ်းထက်ထူးချွန်သော လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ခြင်း ဖြစ်ပုံရပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now