Chapter 494

1.1K 131 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-9

(ရှုံးနိမ့်ခြင်း)

"ကောင်းပြီကောင်လေး… ဒါကိုကြည့်ထား….."

သိုင်ယွီဟန်က သူ့ကိုယ်သူ  ယုံကြည်မှုရှိသော်လည်း ဤအချိန်တွင် ယီယွမ်ကို အနည်းငယ်မျှပင် အထင်မသေးရဲခဲ့ပေ။

ယီယွမ်၏ တိုက်ခိုက်မှုစွမ်းရည်က သူ၏ကျင့်စဉ်အဆင့်ထက် အများကြီး ပိုမိုမြင့်မားနေခဲ့၏။ ဤအချိန်တွင် သာမန်အဆင့်သုံးခုကို တစ်ဆက်တည်း ချိုးဖျက်တက်ရောက်ခဲ့၍ သူ၏ခွန်အားက မည်မျှအထိ မြင့်မားသွားမည်ကို နတ်ဘုရားမှသာ သိနိုင်ပေလိမ့်မည်။

ထိုသို့ ခွန်အားတိုးမြှင့်မှုက သာမန်သိုင်းပညာရှင်များတွင်ပင် အလွန်ကြောက်စရာကောင်းနေခဲ့ပေရာ ထိပ်တန်းဂျီးနီးယပ်တစ်ယောက်ဆိုလျှင် စဉ်းစားစရာပင် မလိုအပ်ပေ။

ယီယွမ်၏ အမြန်နှုန်းက နှေးကွေးနေသယောင် ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုအရာက မြန်ဆန်လှပေသည်။ ထို့ပြင် ထိုအရာက မှင်စာတစ်ကောင်ကဲ့သို့ပင် တစ်သမတ်တည်း ရွေ့လျားသွားလာခြင်းမဟုတ်ပေ။

ထို့ပြင် သူရောက်သွားသောနေရာ အားလုံးတွင် ပန်းပွင့်ဖတ် အရေအတွက်များစွာက စီးဆင်းနေခဲ့ကြရာ ကြည့်ရသည်မှာ လေထဲတွင် ပန်းပွင့်ဖတ်များ ဖူးပွင့်လာသည်နှင့် တူညီနေခဲ့၏။

"ကြိုးကြာကခုန်ခြင်းခုနှစ်မျိုး ပကတိလက်ဝါးများ….."

သိုင်ယွီဟန်၏ လက်ဝါးချက်အင်အားက ထွက်ပေါ်လာခဲ့သည်။ ထိုအရာက အင်မော်တယ်ကြိုးကြာငှက်များ ကခုန်နေသကဲ့သို့ တက်ကြွမြန်ဆန်နေခဲ့ပေ၏။

ထိုအခိုက်အတန့်က စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူတစ်ယောက်၏ အစွမ်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။

သိုင်ယွီဟန်၏ လက်ဝါးချက် ရောက်ရှိသွားသော နေရာတိုင်းတွင် ယီယွမ်၏ ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်းက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now