Chapter 422

1.2K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-6

(စင်မြင့်ပေါ်သို့ အဆောင်အယောင် အပြည့်အစုံဖြင့် တက်ရောက်ခြင်း)

"ကောင်းကင်ဘုံ လောစိတ်ဝိညာဉ်သန့်စင်ခြင်း ပညာရပ်က သာမန် အဆင့်(9) ကျင့်ကြံခြင်းပညာရပ် တစ်ခုပဲ… အဲဒီပညာရပ်က မင်းရဲ့ကျင့်ကြံခြင်းကို အလွန်ဆုံးမှ မှော်ဆေးပညာရှင်အင်ပါယာ အဆင့်ကိုပဲ ရောက်ရှိအောင် အထောက်အကူ ပေးနိုင်တယ်… သိပ်ပြီးတော့ကြီးကြီးမားမား လုပ်ပေးနိုင်စွမ်း မရှိဘူး… ဒါပေမဲ့ မင်းရဲ့လက်ရှိ အဆင့်မှာတော့ အဲဒီပညာရပ်က လုံလောက်တာထက် ပိုနေပါပြီ….."

ယီယွမ်အတွက် အဆင့်(9) ကျင့်ကြံခြင်းပညာရပ်များက အမှန်တကယ်ပင် ကြီးကျယ်သောကိစ္စတစ်ခု
မဟုတ်ပေ။

ယီယွမ်၏ ဦးနှောက်ထဲတွင် အဆင့်(9) ကျင့်ကြံခြင်းပညာရပ်များ တစ်ဒါဇင်ကျော် ရှိပေ၏။ ကောင်းကင်ဘုံ လောစိတ်ဝိညာဉ်သန့်စင်ခြင်း ပညာရပ်က မထင်မရှားသာ ဖြစ်သော ပညာရပ်တစ်ခု ဖြစ်သည်။

ထို့အတူပင် အဆင့်(9) ကျင့်ကြံခြင်းပညာရပ်တစ်ခု ဖြစ်သော စိတ်ဝိညာဉ်တစ်ထောင် တိုးပွားခြင်းမန္တန်နှင့် နှိုင်းယှဉ်လိုက်ပါက
ကောင်းကင်ဘုံ လောစိတ်ဝိညာဉ်သန့်စင်ခြင်း ပညာရပ်မှာ အမှိုက်တစ်ခုသာ ဖြစ်ပေ၏။

သိရမည့်အချက်မှာ
စိတ်ဝိညာဉ်တစ်ထောင် တိုးပွားခြင်းမန္တန်က ဂျိကျန်းယန်နှင့် ဂျိချင်ယန်တို့ကို မှော်ဆေးပညာရှင်အင်ပါယာ အထ်ွအထိပ်အဆင့်ကို ရောက်ရှိအောင် အထောက်အကူပေးခဲ့သော ပညာရပ်တစ်ခု ဖြစ်သည်။ ထိုပညာရပ်က ထိပ်ဆုံးအဆင့်များထဲမှ ထိပ်ဆုံးအဆင့် ဖြစ်ပေ၏။

သူ၏ ယခင်ဘဝနှင့် ယခုဘဝ နှစ်ခုစလုံး၌ ယီယွမ်က ဤကျင့်ကြံခြင်းပညာရပ်ကို သူ၏ဖခင် ယီဟန်ဆီသို့သာ လွှဲပြောင်းပေးခဲ့သည်။ သူ၏ တပည့်တစ်ပိုင်းဖြစ်သော လီတာအိုဟန်ကိုပင် သူက ထိုပညာရပ်ကို အလွယ်တကူ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

"စီနီယာရဲ့ ကြီးမားတဲ့ ကြင်နာမှုကို ကျေးဇူး
အများကြီးတင်ပါတယ်….." ကြယ်တာရာချောက်က အလွန့်အလွန် ပျော်ရွှင်သွားခဲ့ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now