Chapter 466

1.2K 140 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-8

(သနားစရာကောင်းသော ဒုက္ခ)

ဝုန်းးး…..

နောက်ထပ် ကြီးမားသော တုန်ခါသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

အချိန်ခဏကြာပြီးနောက် မဟာဝင်္ကပါက ပုံမှန်အခြေအနေသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားခဲ့သည်။

လျောင်ဝမ်ကွမ်းက အလွန်စိတ်လှုပ်ရှားနေခဲ့၏။ သူက မဟာဝင်္ကပါ ပျက်စီးသွားတော့မည်ကို မြင်တွေ့နေရပုံ ပေါ်နေခဲ့သည်။

ဘေးမှနေ၍ ဟဲကျွင်းက လျောင်ဝမ်ကွမ်းကို ကြည့်နေခြင်းမရှိခဲ့ပေ။

သူက မဟာဝင်္ကပါကိုသာ အရောင်လက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့၏။ သူက မည်သည့်အရာကို တွေးတောနေသည်အား သေချာသိနိုင်ခြင်းမရှိပေ။

သူက သွေးသောက်ဆေဘာဓားကို ကိုင်၍ နောက်တစ်ကြိမ် တိုက်ခိုက်မည့်အချိန်တွင် ဟဲကျွင်းက ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။ "ထားလိုက်တော့ လူအိုကြီးလျောင်… မင်းက ဒီမဟာဝင်္ကပါကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး….." 

လျောင်ဝမ်ကွမ်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး မကျေမနပ်ဖြင့် ပြောဆိုခဲ့၏။ "မင်းက ဘာကိုပြောလိုက်တာလဲ… လူအိုကြီးဟဲ… မင်းဆီကနေ ငါက ဆုတွေ ရယူသွားမှာ စိုးရိမ်နေတာတော့ မဟုတ်ပါဘူးနော်… ဟုတ်တယ်မလား….."

ဟဲကျွင်းက သူ့ကို တည်ငြိမ်သောအကြည့် တစ်ခုဖြင့်ကြည့်၍ ပြောလိုက်သည်။ "မင်းက အဲဒီလို ပြောနေမှတော့ ငါဘာမှမပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ… သွားပြီးတော့ ဆက်စမ်းကြည့်နေလိုက်လေ….."

လျောင်ဝမ်ကွမ်း၏ မျက်နှာအမူအရာက ကောင်းမွန်ခြင်းမရှိခဲ့ဘဲ အချိန်အနည်းငယ်ကြာ တွေဝေနေခဲ့၏။

သိုင်းပညာစွမ်းအားအရာတွင် သူက ဟဲကျွင်းကို ခြေလှမ်းအနည်းငယ် နောက်ကောက်ချထားနိူင်ပေသည်။ သို့သော် ဝင်္ကပါကို နားလည်မှုအရာတွင် ဟဲကျွင်းက သူ့အား ခြေလှမ်းဆယ်လှမ်းကျော် နောက်ကောက်ချထားနိုင်၏။ 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now