Chapter 583

1.1K 123 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-14

(နဂါးတစ်ဝက်ခန္ဓာကိုယ်)

ယီယွမ်၏အော်ရာ မြင့်တက်မှုက ရပ်တန့်သွားခြင်းမရှိသေးပေ။ အဆင့်(6) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ရောက်ရှိသွားပြီးနောက် အရှိန်အဟုန်က လျော့ကျခြင်းမရှိဘဲ အဆင့်(7) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ ဦးတည်နေခဲ့သည်။

တစ်ချိန်တည်းတွင် ယီယွမ်၏အရိုးပဒေသာက တဒေါက်ဒေါက်မြည်သံများ ထွက်ပေါ်နေခဲ့၏။ သူ၏ခန္ဓာကိုယ်က သွေးနဂါး၏ နှစ်ခြင်းမင်္ဂလာအတွင်း၌ ရှိနေခဲ့ပေသေးသည်။

အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်က ဤမြင်ကွင်းကိုမြင်သော် စကားမပြောနိုင်တော့သည်အထိ အံ့အားသင့်တုန်လှုပ်သွားခဲ့၏။

ယီယွမ်က ကျင့်စဉ်နယ်ပယ်များ ချိုးဖျက်တက်ရောက်နေချိန်၌ တစ်ဖက်တွင် သူ၏ခန္ဓာကိုယ်ကို လေ့ကျင့်နေခဲ့သည်။

ဒီကောင်လေးက ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ…..

သိရမည့်အချက်မှာ အစစ်အမှန်နဂါးအသိစိတ် မရှိတော့သော်လည်း ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းက အလွန့်အလွန် ပြင်းထန်လှပေ၏။ အမှားအယွင်းတစ်ခု ရှိလသည်နှင့် တစ်စုံတစ်ယောက်က အရူးဖြစ်သွားပေလိမ့်မည်။

ကျင့်စဉ်နယ်ပယ်များ ချိုးဖျက်တက်ရောက်ခြင်းကလည်း အမှားမခံသော အရာတစ်ခုဖြစ်ပြီး လူတစ်ယောက်ကို ဘဝပျက်သွားစေရန် အလွန်လွယ်ကူနေခဲ့သည်။

ဤအရာနှစ်ခုကို တစ်ချိန်တည်းတွင် ပြုလုပ်ခြင်းက ရူးသွပ်သွားစေရန် အခွင့်အလမ်း ပိုမိုမြင့်တက်လာစေ၏။

သို့သော် အရူးကောင်ယီယွမ်က ဤအရာနှစ်ခုကို စနစ်တကျပင် လုပ်ဆောင်နေခဲ့သည်။

ယီယွမ်၏ အော်ရာက ရပ်တန့်ခြင်းမရှိဘဲ မကြာမီအချိန်အတွင်း အဆင့်(7) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့၏။

ဤအရာက သိုင်းပညာရှင်များအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်သလို အန္တရာယ်အများဆုံး အခိုက်အတန့်လည်း ဖြစ်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Место, где живут истории. Откройте их для себя