Chapter 597

1.1K 139 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-14

(အစွမ်းထက်သော
နောက်လိုက်လေးယောက်)

ဤငနဲလေးက မည်သည့်အချိန်တွင်က အိပ်ပျော်နေခဲ့သည်ကို မသိလိုက်ရပေ။ ယခုအချိန်အထိ အိပ်စက်နေဆဲသာဖြစ်သည်။

သို့သော် အလင်းဖြူက အဆင့်(4)သို့ တက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း အံ့ဩစရာကောင်းစွာ သိလိုက်ရ၏။

"သခင်လေးယီ… အလင်းဖြူက ကျားအရိုးကို သန့်စင်ပြီးကတည်းက တစ်ချိန်လုံး အိပ်စက်နေခဲ့တယ်… သူက နောက်ရက်မှာ အဆင့်(4)ကို ရောက်ရှိသွားပြီးတော့ မကြာမီအချိန်အတွင်းမှာ အဆင့်(4) အလယ်အလတ်အဆင့်ကို တက်ရောက်သွားပါတော့မယ်….."

အဆင့်(4)အလယ်အလတ်အဆင့်က နှောင်းပိုင်းအဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်နှင့် ညီမျှပေသည်။

ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား အမွေအနှစ်ကို ရရှိချိန်မှသာ နှောင်းပိုင်းအဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤငနဲလေးက ထိုနည်းလမ်းကိုအသုံးပြု၍ နောက်ထပ်တစ်ကြိမ် အဆင့်တက်သွားခဲ့ပေ၏။ အခြားသူများကို မနာလိုစေခြင်းဖြစ်သည်။

"ကြည့်ရတာ အဲဒီကျားအရိုးက အလင်းဖြူအတွက် အများ​ကြီး အကျိုးရှိနေတာနဲ့တူတယ်… အဲဒီအချိန်တုန်းက သူတော်တော်လေး စိတ်လှုပ်ရှားနေခဲ့တာ အံ့သြစရာ မရှိတော့ဘူး….သူ့ကို ဒီနေရာမှာပဲ အဆင့်တက်စေတာပေါ့… ငါက ဒီနေရာကို ရက်ပေါင်းများစွာကြာပြီးမှ ပြန်ရောက်လာတော့မှာ…. တကယ်လို့ မင်းတို့တွေက ကိစ္စရှိတယ်ဆိုရင် ဟင်းလင်းပြင်ကိုမျက်နှာမူပြီး ငါ့ကိုလှမ်းခေါ်လိုက်နော်….." ယီယွမ်က ပြောဆိုလိုက်၏။

. . . . . .

"ယီယွမ်က နဝမအလွှာကို ဝင်ရောက်သွားခဲ့တာ ရက်အနည်းငယ်ကြာသွားပြီ… ဘာလို့ လှုပ်ရှားမှုလုံးဝမရှိတာလဲ… ကိစ္စတစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်….." ကောထောင်ချွင်က ပြောဆိုခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now