Chapter 492

1.1K 125 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-7

(တကယ်လို့ ကျုပ်က သူ့ကို သတ်ချင်တယ်ဆိုရင် ခင်ဗျားက မကာကွယ်နိုင်ဘူး)

"ခရမ်းနုရောင်စံအိမ်အဖွဲ့က မိုးသောက်မြို့မှာ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို စောင့်ခိုင်းနေလိမ့်မယ်လို့ တွေးမထားမိခဲ့ဘူး….."

ယီယွမ်၏ရှေ့မှ ထိုလူက ခရမ်းနုရောင်စံအိမ်အဖွဲ့၏ ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ထိတ်လန့်တုန်လှုပ်စရာ ကောင်းစွာပင် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့သည်။

ခရမ်းနုရောင်စံအိမ်အဖွဲ့က အလွန်ဆုံးမှ အဆင့်(9) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကိုသာ ဤနေရာသို့ စေလွှတ်ခဲ့မည်ဟု ထင်မြင်ထားခဲ့၏။ ယခု ထိုလူက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့သည်။

ခရမ်းနုရောင်စံအိမ်အဖွဲ့၏ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်များက များပြားလှသော်လည်း တောင်ပိုင်းကုန်းမြေ တစ်ခုလုံးကို ဖြန့်ကျက်ရန်အတွက်မူ ထိုအရာက လုံလောက်ခြင်းမရှိတော့ပေ။

ခရမ်းနုရောင်စံအိမ်အဖွဲ့က အဖွဲ့ကြီးခြောက်ဖွဲ့ကို ဖျက်ဆီးခဲ့ချိန်မှစ၍ အခုအချိန်အထိ လပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဖြစ်၏။ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူများ ထိန်းချုပ်ကိုင်တွယ်ရမည့် အလွန်အမင်း မတည်မငြိမ်ဖြစ်နေသော နေရာများစွာ ရှိနေခဲ့ပေသည်။

ခရမ်းနုရောင်စံအိမ်အဖွဲ့က အလွန်ဝေးကွာသော နေရာတစ်ခုဖြစ်သည့် မိုးသောက်မြို့သို့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူတစ်ယောက်ကို စေလွှတ်ခဲ့မည်ဟု ယီယွမ်လုံးဝထင်မထားခဲ့ပေ။

ခရမ်းနုရောင်စံအိမ်အဖွဲ့၏ မဟာအကြီးအကဲက သက်လတ်ပိုင်းအရွယ် အသွင်အပြင်မျိုး ရှိနေခဲ့၏။ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူများတွင် သူ့ကို လင်းလက်တောက်ပသည့် ကြယ်ပွင့်တစ်ဦးဟူ၍ သတ်မှတ်နိူင်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Όπου ζουν οι ιστορίες. Ανακάλυψε τώρα