Chapter 421

1.2K 155 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-5

(အရေးပေးမှုတစ်ခုကို အရေးပေးမှုတစ်ခု ပြန်လည်ပေးအပ်ခြင်း)

ယီယွမ်က ရှောင်ရူယန်ကို ကြည့်၍ အလွန်အံ့ဩစွာဖြင့် ပြောလိုက်သည်။ "မင်းကို တပည့်အဖြစ် လက်ခံရမှာလား….."

"ဟုတ်တယ်… ကျွန်မကရှင့်ကို ကျွန်မရဲ့ တာအိုလက်တွဲဖော်အဖြစ် လုပ်ဆောင်ဖို့ အတင်းဖိအားမပေးပါဘူး… အဲဒါက ကျွန်မကို တပည့်အဖြစ် လက်ခံပေးရုံပါပဲ… လွန်လွန်ကဲကဲ ဖြစ်မသွားဘူး မဟုတ်လား….." ရှောင်ရူယန်က ပြောဆိုခဲ့၏။

"ဒါက….."

ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် တွေဝေသွားခဲ့သည်။ သူ၏ယခင်အတိတ်ဘဝ၌ တပည့်များကို တရားဝင် လက်ခံခြင်းမရှိခဲ့ပေ။ သူက ဆရာတစ်ဦးအဖြစ် နေထိုင်ရန် အမှန်တကယ်ပင် ဆန္ဒမရှိခဲ့ပေ။

ရှောင်ရူယန်က ဤအခြေအနေကို ရုတ်တရက် တောင်းဆိုလိုက်၍ သူက အချိန်အနည်းငယ်အတွင်း ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိခဲ့ပေ။

ယီယွမ်က တပည့်တစ်ဦး လက်ခံရန် မနှစ်သက်၍ မဟုတ်ဘဲ သူ၏ယခင်အတိတ်ဘဝတွင် တပည့်များကို သင်ကြားပေးခြင်းကဲ့သို့ ကိစ္စမျိုးတွင် သူ၏အချိန်များကို ဖြုန်းတီးမပစ်လိုခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူက တပည့်တစ်ဦးကိုမှ လက်မခံခဲ့ခြင်းဖြစ်ပေသည်။

လီတာအိုဟန်ကဲ့သို့ ကံကောင်းသောလူများကသာ သူ၏ဘေးတွင် မှော်ဆေးပညာကို လေ့လာခွင့် ရရှိခဲ့ကြ၏။

သူက စနစ်တကျ သင်ကြားပြသခဲ့ခြင်းမျိုး မရှိသော်လည်း လီတာအိုဟန်က မှော်ဆေးပညာရှင်ဘိုးဘေး အဆင့်မှ မှော်ဆေးပညာရှင်မြင့်မြတ်သူ အဆင့်သို့ ရောက်ရှိအောင် နှစ်ပေါင်းတစ်ရာသာ အချိန်ယူ၍ ကျင့်ကြံနိုင်ခဲ့ပြီး မှော်ဆေးပညာရှင်အင်ပါယာ အဆင့်သို့ တက်ရောက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုအပ်ပေတော့သည်။

ယီယွမ်၏ဘေးတွင် နေရသည်ဆိုပါက နိမ့်ကျသော အစေခံတစ်ယောက် ဖြစ်နေလျှင်ပင် အကန့်အသတ်မဲ့သော အကျိုးရရှိမှုနှင့် ကြုံတွေ့ရပေမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now