Chapter 407

1.2K 166 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(5)

(အရေးယူဆောင်ရွက်ခြင်း)

"ဂိုဏ်းတူညီလေး… ငါမင်းကိုပြောထားတာတွေ မေ့သွားခဲ့ပြီလား… ဧကရာဇ်ကြယ်တာရာချောက်ရဲ့ တပည့်တွေဖြစ်တဲ့ ငါတို့က ဘာပဲလုပ်လုပ် အခြားသူတွေရဲ့ မျက်နှာထားကို ကြည့်စရာမလိုဘူး… အဲဒါက ငါတို့ယုံကြည်ချက်တွေ ရှိနေတဲ့အရာပဲ… သတ္တမမင်းသားက မင်းကိုဒဏ်ရာရစေခဲ့တဲ့အပြင် သတ်တောင် သတ်ချင်နေခဲ့တယ်… အဲဒါက ငါတို့ တာအိုဟန်မျိုးဆက်ကို ရန်စစော်ကားလိုက်တာပဲ… သူ့ကို နှင်ထုတ်လိုက်တာက လေအင်ပါယာရဲ့ မျက်နှာကို ထောက်ထားခဲ့တာလို့ သတ်မှတ်နိုင်တယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် ငါက ဂိုဏ်းတူညီလေးရဲ့ ကိုယ်စား အဲဒီရန်ကြွေးဆပ်နိုင်ဖို့ ကူညီပေးမိမှာပဲ….." ရှစ်ဟောက်ရန်က အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

သာမန် မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်က ထိုသို့ သတ္တိရှိနေမည်ဟု ယီယွမ်က ထင်မှတ်မထားခဲ့ပေ။

ပြောရမည်ဆိုလျှင် ထိုအရာက လီတာအိုဟန်၏ စိတ်နေစိတ်ထားနှင့် အလွန်အမင်း တူညီနေခဲ့ပေ၏။

ထိုကောင်လေးက သူ၏ဘေးနားတွင် အလွန်သတိရှိစွာဖြင့် သူ့ကို ဆရာတစ်ယောက်အဖြစ် အမြဲတမ်း ဆက်ဆံခဲ့ခြင်းမှလွဲ၍ ထိုကောင်လေးက အခြားသူများကို စကားပြောဆိုရာတွင် သူ၏ဖခင်က ကောင်းကင်ဘုံအောက်မှ နံပါတ်တစ်ပုဂ္ဂိုလ် တစ်ယောက်ကဲ့သို့ အသွင်အပြင်မျိုးဖြင့်သာ ပြောဆိုလေ့ရှိသည်။

ကြည့်ရသည်မှာ သူ၏ထိုပြဿနာကို သူ၏တပည့်ဆီသို့ အောင်အောင်မြင်မြင် အမွေပေးနိုင်ခဲ့သည့်အပြင် သူ၏မြေးတပည့်ဆီသို့ပါ အမွေအနှစ်တစ်ခုအဖြစ် ရောက်ရှိသွားခဲ့ပုံရ၏။

သူက ကြယ်တာရာချောက်၏ ဤမျက်နှာတစ်ဖက်ကို မမြင်ဖူးသော်လည်း ထိုအရာက အတူတူနီးပါးပင် ဖြစ်သည်ဟု ခန့်မှန်းမိခဲ့ပေသည်။

"ဟားဟား… ကျွန်တော်က အဲလိုလုပ်ဖို့ မလိုအပ်ပါဘူး… ဒီလိုမျိုး လက်စားချေတဲ့ အရာမျိုးကို ကျွန်တော်က အနှစ်ခြိုက်ဆုံးပဲ… ကြည့်ရတာ ကျွန်တော့်ရဲ့ ကျင့်စဉ်နယ်ပယ်က နိမ့်ကျနေခဲ့လို့ အနိုင်ကျင့်ဖို့ လွယ်ကူတယ်ဆိုပြီး လူတိုင်းက တွေးနေကြတာနဲ့ တူတယ်….." ယီယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူက ထိုအရာကို စဉ်းစားနေချိန်တွင် မရေမရာ ဖြစ်နေခဲ့ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Tahanan ng mga kuwento. Tumuklas ngayon