Chapter 419

1.1K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-3

(ရှောင်ချန်ဖုန်း၏ အကြံအစည်)

ကျောက်စိမ်းကုတင်ပေါ်၌ အလှပဂေးလေးက အားနည်းစွာဖြင့် မျက်လုံးဖွင့်လိုက်ပေသည်။

ရှောင်ချန်ဖုန်းက အပျော်လွန်သွားခဲ့ပြီး ပြောဆိုခဲ့၏။ "ရူယန်… မင်းနိုးလာခဲ့ပြီပဲ….."

"အ… အဖေ….."

သူမ၏မျက်လုံးများ ဖွင့်လိုက်ချိန်တွင် ရှောင်ချန်ဖုန်းကို တွေ့လိုက်ရသော်လည်း ရှောင်ရူယန်က ခေါင်းမာစွာဖြင့် သူမ၏ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး နောက်တစ်ကြိမ်ပင် ပြန်မလှည့်ကြည့်ခဲ့တော့ပေ။

ရှောင်ချန်ဖုန်းက သူ၏နှလုံးသားထဲ၌ နာကျင်စွာ ခံစားလိုက်ရပြီး ခါးသီးစွာဖြင့် သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။ "ရူယန်… အဖေက မင်းစိတ်ထဲမှာ အဖေ့ကို မုန်းတီးနေတယ်ဆိုတာ သိပါတယ်… ဒါပေမဲ့ အဖေ့မှာလည်း ကူရာကယ်ရာမဲ့နေခဲ့လို့ပါ…."

ရှောင်ရူယန်က သူမ၏ ခေါင်းကို ပြန်လှည့်လာခြင်း မရှိခဲ့သည့်အပြင် စကားတစ်ခွန်း ပြောချင်စိတ်ပင် မရှိခဲ့ပေ။

ရှောင်ချန်ဖုန်း၏ နှလုံးသားကို ဓားထက်ထက်ဖြင့် လှီးဖြတ်နေသကဲ့သို့  ခံစားစေခဲ့ရ၏။ သူ၏ သမီးက သူ့အား အလွန့်အလွန် မကျေမနပ် ဖြစ်နေမည်ကို သူလည်း သိရှိပေသည်။

"ကောင်းပြီလေ… မင်းက အဖေ့ရဲ့ စကားတွေကို နားမထောင်ချင်ဘူး ဆိုပေမဲ့ ဂျိချင်ရဲ့စကားတွေကိုတော့ နားထောင်ဖို့ ဆန္ဒရှိတယ်မဟုတ်လား….." ရှောင်ချန်ဖုန်းက သက်ပြင်းတစ်ခုကို လေးပင်စွာချ၍ ပြောလိုက်၏။

ထိုစကားကိုကြားသော် ရှောင်ရူယန်၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သူမ၏ခေါင်းကို လှည့်ပတ်ကြည့်နေခဲ့ကာ မျက်လုံးထဲတွင် သံသယများ ပြည့်နှက်နေခဲ့သည်။

ရှောင်ချန်ဖုန်းက သူ၏သမီး အတွေးများကို သိရှိခဲ့ပြီး ရှင်းပြလိုက်၏။ "အဖေက မစွမ်းဆောင်နိုင်ပါဘူး… အဖေက မင်းအဆိပ်မိနေတာကို တွေ့ခဲ့ရပေမဲ့ ဘာဆက်လုပ်ရမလဲ မသိခဲ့ဘူး… ဒီဟာတွေက မင်းကို သေဆုံးတဲ့အခြေအနေကနေ အသက်ရှင်ရက် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တဲ့ ဂျိချင်ရဲ့ မှော်ဆန်တဲ့ အစွမ်းတွေကြောင့်ပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now