Chapter 496

1.1K 136 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-11

(အသင်္ချေဓားမိုးများ)

"သူတို့က ဘာပြောနေကြတာလဲ… အဆုံးမဲ့ကမ္ဘာကြီးကို ကျူးကျော်တာဟုတ်လား….."

"ကြည့်ရတာ အဲဒီအဓိပ္ပာယ်ပဲ… ဒါပေမဲ့… ဒီကမ္ဘာမှာ ဘာဖြစ်နေတာလဲ… ဘယ်သူက အဆုံးမဲ့ကမ္ဘာကြီးကို အကြောင်းပြချက်မရှိ ကျူးကျော်မှာလဲ….."

"မသိဘူး… သူတို့ရဲ့ စကားတွေက တော်တော်ရှုပ်ထွေးတယ်….."

ယီယွမ်၏စကားများက ပရိသတ်ထဲတွင် အကြီးအကျယ် ပွက်လောရိုက်သွားစေခဲ့သည်။

ခရမ်းနုရောင်စံအိမ်အဖွဲ့၏ အစစ်အမှန်ပုံစံက ယခုအချိန်ထိ ထွက်ပေါ်လာခြင်းမရှိသေးပေ။ ဤသိုင်းပညာရှင်များက တောင်ပိုင်းကုန်းမြေ၏ ကြီးမားသောပြောင်းလဲမှုမှာ အဆုံးမဲ့ကမ္ဘာကြီး၏ အတွင်းရေးကိစ္စများကြောင့်သာ ဖြစ်နေသည်ဟု ထင်မြင်နေခဲ့ကြ၏။

ယီယွမ်က လက်တွေ့ကျကျ သက်သေပြခြင်းမရှိသော်လည်း သူက အမှန်တကယ်တွင် ထိုအရာကို ရည်ရွယ်ချက်ရှိရှိဖြင့် သူက ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ လူပေါင်းမည်မျှအထိ ယုံကြည်မည်ဆိုသည်က သူတို့၏ ကံတရားပင် ဖြစ်ပေ၏။

အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ယီယွမ်က တောင်ပိုင်းကုန်းမြေမှ လူအားလုံးကို မြောက်ပိုင်းကုန်းမြေသို့ ခေါ်ဆောင်သွားလိုသည်။ သို့သော် အချိန်က နည်းပါးနေသည့်အတွက် သူက ထိုလူများကို တစ်ယောက်ချင်း စုစည်းရန် အချိန်မရှိပေ။

ဤအချိန်တွင် လေထဲရှိ သူတို့နှစ်ဦးကြားမှ လေထုက အလွန်ထူးဆန်းနေခဲ့ပြီဖြစ်၏။

လူနှစ်ယောက်က စောစောလေးတွင် ပျော်ရွှင်သောအမူအရာတစ်ခုဖြင့် စကားပြောနေခဲ့ကြသည်။ ဤအချိန်တွင်မူ သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှ အမူအရာများက မည်သည့်အချိန်တွင်မှ မရှိခဲ့သော တည်ငြိမ်မှုများ ရှိနေခဲ့၏။

ထိုအရာက ပတ်ဝန်းကျင်လေထုကို အလွန်ကွာခြားသွားစေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now