Chapter 528

1.1K 138 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-1

(နာမည်ပိုကြီးလာခြင်း)

လက်ရှိနေရာရှိ လူအားလုံးက တိတ်ဆိတ်

ငြိမ်သက်သွားခဲ့ကြ၏။

လန်ဖုန်း၏ စွမ်းဆောင်ရည်က ထိုဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်များကို ထိတ်လန့်သွားစေခဲ့သည်။

စောစောက တိုက်ပွဲစတင်ချိန် ရုတ်တရက်တိုက်ခိုက်သည့် တစ်ကြိမ်မှလွဲ၍ လှည့်စားမှု အနည်းငယ်မျှပင် မရှိခဲ့ပေ။

စွန်းဖိန်ကိုယ်တိုင်ပင် တိုက်ပွဲ၌ အသာစီးရယူနိုင်ခဲ့ခြင်း မရှိပေ။ မည်သူကမှ ရှုံးနိမ့်မှုအတွက် သနားခြင်းမရှိကြပေ။

စွန်းဖိန်က

မြောက်ပိုင်းကုန်းမြေမှ အင်အားကြီးအဖွဲ့တစ်ဖွဲ့၏ လက်ရွေးစင်တစ်ယောက် ဖြစ်၏။ သူက အမှန်တကယ်ပင် ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှ အဆုံးစွန်အထိ တုံးအသော သိုင်းပညာရှင်ကို ရှုံးနိမ့်ခဲ့ရသည်။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက သိုင်းပညာရှင်တွေအားလုံးရဲ့ ခွန်အားက ဒီလိုမျိုး မြင့်မားနေတာလား…..

ပုဂ္ဂိုလ်ကြီးများက မျက်မှောင်ကုတ်သွားခဲ့ကြ၏။ သူတို့၏ မျက်နှာအမူအရာများက ပြောပြ၍မရလောက်အောင် လေးနက်သွားခဲ့ပေသည်။

"ဟားဟား… ကျုပ်ရဲ့ကျွန်ကိုတောင် အနိုင်မယူနိုင်ဘဲနဲ့ မောက်မာဝံ့ကြွားနေတာလား… ခင်ဗျားတို့ရဲ့ ဒီလိုအခြေအနေနဲ့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တွေကို အနိုင်ယူနိုင်မယ်လို့ သေချာနေပြီလား….." ယီယွမ်က လှောင်ပြောင်လိုက်၏။

ဤတစ်ကြိမ်တွင် ပထမဆုံး ကြီးကြီးကျယ်ကျယ် ပြောခဲ့ကြသည့် ထိုလူများက သူတို့၏ ပါးစပ်များကို ပိတ်ထားခဲ့ကြသည်။

သူတို့က စောစောလေးကပင် ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှ သိုင်းပညာရှင်များကို တစ်ကြိမ်တိုက်ခိုက်သည်နှင့် အနိုင်ယူနိုင်မည်ဟု ပြောနေခဲ့ကြ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora