Chapter 467

1.2K 130 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-9

(အဲဒါဘယ်သူလဲ)

"ဒီလိုမျိုး ရှက်စရာကောင်းတဲ့ တစ်ခု… နောက်ဆုံးအချိန်မှာ သူတို့က ခြေတစ်လှမ်း
စောသွားခဲ့တယ်….." မဟာဝင်္ကပါ၏ အလယ်တွင် ထျန်းယွီက သနားနေသော အကြည့်တစ်ခုဖြင့် ပြောလိုက်သည်။

ထျန်းယွီက ခရမ်းနုရောင်စံအိမ်အဖွဲ့မှ လူများကို အရိုးစွဲအောင် မုန်းတီးနေခဲ့ပေ၏။ သူ၏ ခွန်အားက နိမ့်ကျနေ၍သာ မဟုတ်ခဲ့လျှင် ခရမ်းနုရောင်စံအိမ်အဖွဲ့သို့ သွားရောက်၍ လက်စားချေသတ်ဖြတ်နေမည် ဖြစ်သည်။

ယခု လျောင်ဝမ်ကွမ်းကို အခြားတစ်ယောက်က ကယ်ဆယ်သွားနိုင်ခဲ့သည်ကို မြင်သော် သူကချက်ချင်းပင် အလွန်အမင်း မကျမနပ် ဖြစ်သွားခဲ့၏။

"ဟူးးး… နည်းနည်းလောက်ပဲကွာ… ငါတို့က စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အလယ်အလတ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်နိုင်တော့မှာလေ… နည်းနည်းလေးဆိုမှ နည်းနည်းလေးပဲ….." တပည့်တစ်ယောက်က သူ၏ ရင်ဘတ်ကို ထု၍ မကျေမနပ်ဖြင့် ခြေဆောင့်နေခဲ့သည်။

ငြိမ်သက်တိမ်တိုက်အဖွဲ့မှ တပည့်အားလုံးက သူတို့၏ စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်ခဲ့ကြ၏။ သိသာစွာပင် သူတို့က တူညီသော ခံစားချက်ကို ခံစားနေခဲ့ရသည်။

ယခင်က သူတို့အားလုံး မဟာဝင်္ကပါက တောင့်ခံနိုင်ခြင်း မရှိမည်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှ သဘာဝစွမ်းအင် အားလုံးကို ယီယွမ်ဆီသို့ လွှဲပြောင်းပေးအပ်လိုနေခဲ့၏။

သို့သော် တိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏ ခံယူချက်အတွင်း၌ အမြဲတမ်းကြောက်ရွံ့စရာ ကောင်းသော စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အလယ်အလတ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်က ထိုမျှအထိ ကြောက်စရာ မကောင်းတော့ပေ။

မဟာဝင်္ကပါက ခံစားခဲ့ရသော တုန်ခါမှုများက တစ်ကြိမ်ပြီးတစ်ကြိမ် ပိုမိုကြီးမားလာခဲ့သော်လည်း သူတို့ခန္ဓာကိုယ်မှ ယီယွမ် ထုတ်ယူသုံးစွဲခဲ့သော သဘာဝစွမ်းအင်ပမာဏက အကြီးအကျယ် လျော့ကျသွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now