Chapter 508

1.1K 137 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-9

(လူငယ်လေး… မင်းမှာဆရာရှိလား)

"ကောင်းပြီ… မင်းတို့နှစ်ယောက်က ကန့်ကွက်စရာမရှိဘူးဆိုရင် စလိုက်ကြရအောင်….." ဝူရွှမ်က ပြောလိုက်သည်။

"နေပါဦး….." ရှောင်ရူယန်က ရုတ်တရက်ပင် ဝင်ရောက်ပြောဆိုခဲ့၏။

"ဘာလဲ… မင်းလို ရုပ်ဆိုးဆိုးမိန်းကလေးက မင်းရဲ့စကားကို ပြန်ရုတ်သိမ်းချင်လို့လား….." ရန်တုံက ပြုံးဖြဲဖြဲလုပ်၍ ပြောလိုက်သည်။

ခန်းမအတွင်းမှ အပူချိန်က ချက်ချင်းပင် အများကြီး ကျဆင်းသွားခဲ့၏။ ဤရန်တုံက အမှန်တကယ်ပင် မည်သို့မှ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။

ရှောင်ရူယန်က အေးစက်သော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ "ဒီဟာက မှော်ဆေးပညာ ပြိုင်ပွဲတစ်ခုဆိုမှတော့ လောင်းကြေးအချို့ ရှိသင့်တယ် မဟုတ်ဘူးလား….."

ရန်တုံက ထိုစကားကိုကြားသော် ကူရာကယ်ရာမဲ့စွာဖြင့် မှင်တက်သွားခဲ့၏။ သူ၏မျက်နှာမှ အပြုံးက ပို၍ပင် တောက်ပလာခဲ့ပေသည်။ "ဟားဟား… မင်းက ဘယ်လိုလောင်းကြေးမျိုး လိုချင်တာလဲ… ပြောကြည့်လိုက်လေ….."

"သဘာဝသလင်းတုံးလေးတွေ လောင်းကြေးထပ်ရုံပါပဲ… အလယ်အလတ်အဆင့် သဘာဝသလင်းတုံး အတုံးတစ်သိန်း… လောင်းရဲလား….." ရှောင်ရူယန်က စိန်ခေါ်သောအကြည့်ဖြင့် ကြည့်လိုက်၏။

ထိုစကားများ ထွက်လာသည်နှင့် လူတိုင်းက အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းခဲ့ရသည်။

ယီယွမ်က လက်ရှိအချိန်၌ ချမ်းသာကြွယ်ဝ နေခဲ့ပြီဖြစ်သော်လည်း သဘာဝသလင်းတုံး အတုံးတစ်သိန်းကို တစ်ခါတည်းထုတ်ပေးရန်မှာ သူလုံးဝမတတ်နိုင်ပေ။

အလယ်အလတ်အဆင့် သဘာဝသလင်းတုံး အတုံးတစ်သိန်း…..

မည်သို့ပင်ဆိုစေကာမူ ထိုအရာက ကြီးမားသော ငွေကြေးပမာဏတစ်ခု ဖြစ်ပေ၏။

ထိတ်လန့်တုန်လှုပ်မှု ရှိသွားခဲ့သော်လည်း ရန်တုံက အလွန်မြန်ဆန်စွာပင် တည်ငြိမ်သွားခဲ့ကာ ရှောင်ရူယန်ကို အပြုံးတစ်ဝက်ဖြင့် ကြည့်၍ ပြောဆိုလိုက်သည်။ "ဟက်… မင်းလို ရုပ်ဆိုးဆိုးမိန်းကလေးက စကားအကြီးကြီးတွေ ပြောတာပဲ… အလယ်အလတ်အဆင့် သဘာဝသလင်းတုံး အတုံးတစ်သိန်းကို မင်းက ထုတ်ပေးနိုင်လို့လား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now