Chapter 585

1.1K 127 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-2

(ဒီနေ့ရွေးချယ်မှုအတွက် ဂုဏ်ယူမိမှာပါ)

"တကယ်တော့ ငါက မင်းတို့ကို သူ့ဘေးမှာနေဖို့ အတင်းဖိအားမပေးပါဘူး… တကယ်လို့ မင်းတို့တွေက ဆန္ဒမရှိဘူးဆိုရင် အခုချက်ချင်း ထွက်သွားလို့ရတယ်….."

စကားအဆုံးတွင် ချီဟိုင်က ဝိုင်တစ်အိုးကို ထုတ်ယူပြီး ဘေး၌ရှိသော ကျောက်စားပွဲသို့ သွားထိုင်ပြီး သူ့ဘာသာသူ ဝိုင်တစ်ခွက် ငှဲ့လိုက်သည်။

ဤအရာက ယီယွမ်သူ့ကိုပေးအပ်ထားသော အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာ ဖြစ်၏။ ဤတစ်ကြိမ်၌ သူက ထိုဝိုင်ကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။

ဤလူလေးယောက်က အလွန်စိတ်ရှုပ်နေမည်ဖြစ်ပြီး အချိန်တိုအတွင်း အဖြေတစ်ခု ပေးနိုင်မည်မဟုတ်သည်ကို သူသိပေ၏။

လူဟုန်ကိုအသာထား၍ ကျန်သုံးယောက်က ကမ္ဘာတစ်ခုရှိ မိုးကောင်းကင်က ဂုဏ်ယူရသည့် ထိပ်တန်းအဆင့်ကလေးများ ဖြစ်ကြပြီး သူတို့ကို အကြည့်ပေါင်းသန်းချီ၍ ကြည့်နေခဲ့ကြသည်။

လက်ရှိအချိန်၌ သူတို့က ယီယွမ်ကို အလွန်လေးစားနေခဲ့သော်လည်း ထိုအရာက ယီယွမ်၏ နောက်လိုက်ဖြစ်ပြီး ကိစ္စတိုင်းတွင် ယီယွမ်၏သဘောထားကို နားထောင်လိမ့်မည်ဟူ၍ ဆိုလိုခြင်းမဟုတ်ပေ။

သို့သော် ချီဟိုင်က သူ့အတွေးနှင့်သူ ရှိပေ၏။ ယီယွမ်က အဆုံးမဲ့ကမ္ဘာကြီးနှင့် မည်သည့်အချိန်တွင်မှ မသက်ဆိုင်တော့ပေ။ သူက နတ်ဘုရားနယ်မြေတွင် ထွန်းတောက်ရမည့်သူဖြစ်သည်။

ယီယွမ်၏ လက်ရှိ တိုးတက်မှုအမြန်နှုန်းဖြင့် ထိုနေ့က ဝေးကွာခြင်းမရှိတော့ကြောင်း သူယုံကြည်ပေ၏။

၁၀နှစ်ဖြစ်နိုင်ပြီး ထိုသို့မဟုတ်ခဲ့လျှင်ပင် အများဆုံး နှစ်ပေါင်း၂၀ထက် ကျော်လွန်မည်မဟုတ်ပေ။

သို့ရာတွင် အဆုံးမဲ့ကမ္ဘာကြီး၏ နောက်ဆုံးမျှော်လင့်ချက်ကို ပြောဆိုရမည်ဆိုလျှင် ထိုအရာက ယီယွမ်ပင်ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now