Chapter 431

1.1K 143 1
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book{34}

Chapter-1

(ခမ်းခမ်းနားနားပွင့်လန်းခြင်း)

ယီယွမ်က ထိုပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြောဆိုခဲ့သည်။ "မင်းတို့အားလုံးက ငါ့ကိုအပြစ်မတင်နဲ့… တကယ်လို့ မင်းတို့က တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ဟောင်ဝမ်ချိုးကို အပြစ်တင်လိုက်… သနားစရာ
ကောင်းလိုက်တာ….."

ယီယွမ်၏ ထိုစိတ်မပါသော အမူအရာက ဤလူများကို လုံးဝပင် ဒေါသထွက်သွားစေခဲ့၏။

သူတို့အားလုံးက မျိုးဆက်တူသူများ၌ အရည်အချင်းရှိသော လူများဖြစ်ကြသည်။ သူတို့က ဟောင်မိသားစုထံ ခိုဝင်ထားကြသော်လည်း သူတို့ထံ၌ သူတို့ကိုယ်ပိုင်မာန ရှိကြပေ၏။

သို့သော်ယခု သူတို့က အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တစ်ယောက်၏ အထင်သေးခြင်းကို ခံခဲ့ရသည်။

"မင်းကတော်တော် အထိန်းအကွပ်မဲ့တာပဲ... ကောင်လေး… မင်းကိုယ်မင်း အလွှမ်းမိုးမခံနိုင်တဲ့သူလို့ တကယ်ထင်နေတာလား….."

"မင်းက လူအများကြီးကို တစ်ယောက်တည်း ရင်ဆိုင်နေရတာနော်… မင်းက ငါတို့ကို စက္ကူအရုပ်တွေလို သဘောထားနေတာလား….."

"ဟီးဟီး… အခုတော့ တော်တော်လေး မောက်မာထားဦး… ခဏနေရင် မင်းက ငိုရတဲ့အချိန် ရောက်လာတော့မှာပါ….."

ထိုလူများက လက်ရှိအချိန်တွင် ကျိန်ဆဲပြောဆိုနေပြီး သူတို့၏ မျက်နှာများက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်များက သေးငယ်သောပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ပန်းရောင်ပန်းပွင့်ဖတ်များက လက်ရှိအချိန်၌ လေထဲတွင်ဖြစ်ပေါ်လာခဲ့၏။

"မကောင်းတော့ဘူး… အဲဒီကောင်လေးက တကယ်ပဲ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစွမ်းအင်တွေကို စုစည်းနိုင်တယ်… မြန်မြန်တိုက်ခိုက်ကြ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora