Chapter 441

1.1K 154 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(34)

Chapter-11

(တပည့်လက်ခံခြင်း)

ယီယွမ်က မချိတင်ကဲ ဝေဒနာခံစားနေရသော အမူအရာတစ်ခု ရှိနေခဲ့ပြီး ရှောင်ရူယန်၏စကားများကို အနည်းငယ်မျှပင် ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ရှောင်ရူယန်က အလွန်စိတ်ပူသွားခဲ့ပြီး အချိန်အနည်းငယ်

ကြာသည်အထိ မည်သို့ပြုလုပ်ရမည်မှန်း မသိရှိခဲ့ပေ။ ယီယွမ်ကို ပွေ့ဖက်ထားခဲ့ပြီး အသည်းများ ကွဲနေရသလို သည်းထန်စွာ ငိုကြွေးနေခဲ့သည်။

"ဂိုဏ်းတူညီငယ်လေး….." ရှစ်ဟောက်ရန်ကလည်း ထိုမြင်ကွင်းကိုမြင်သော် စိတ်ပူသွားခဲ့ပြီး အလျင်အမြန်ပင် ယီယွမ်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။

ရှစ်ဟောက်ရန်က ယီယွမ်၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ ယီယွမ်က အချိန်အနည်းငယ်ကြာအောင် သတိလစ်နေခြင်းသာ ဖြစ်ကြောင်းကို သိရှိခဲ့မှသာ သူက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ရှိုက်ထုတ်လိုက်ပေ၏။

"စိတ်အေးအေးထားပါ… ဂိုဏ်းတူညီငယ်လေးက အင်အားသုံးတာများလို့ သတိလစ်သွားခဲ့တာပဲ….." ရှစ်ဟောက်ရန်က ရှောင်ရူယန်ကို ပြောလိုက်သည်။

စိုးရိမ်ပူပန်မှုက စိတ်ထုံထိုင်းမှုကို ဖြစ်စေနိုင်၏။ ရှောင်ရူယန် ကိုယ်တိုင်ကလည်း မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်သည်။ စောစောက ယီယွမ်၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် သူမက အမှန်တကယ်ပင် မေ့လျော့သွားခဲ့၏။

"အ… အဆင်ပြေတယ်လား… အဲဒါဆို တကယ် ကောင်းပါတယ်….." ရှောင်ရူယန်က ပျော်ရွှင်မှုကြောင့် ငိုကြွေးမိသွားခဲ့သည်။

သို့သော် ရှစ်ဟောင်ရန်က မျက်မှောင်ကုတ်၍ ပြောလိုက်၏။ "ကောင်းတယ်လား… မင်းအတွက် သူ့ကိုဒီလို ကြည့်ရတာ ကောင်းတယ်လား… သူ့ရဲ့ ဒီဒဏ်ရာက အချိန်တစ်ခုလောက် အိပ်ရာပေါ် လဲရကောင်း လဲရနိုင်တယ်….."

လက်ရှိအချိန်တွင် ယီယွမ်ကို ကြည့်ရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းနေခဲ့သည်။ အပြင်ဒဏ်ရာများကို အသာထား၍ သူ၏ အတွင်းကလီစာများက ကြီးမားသော ဒဏ်ရာအနာတရများကို ခံစားခဲ့ရပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now