Chapter 473

1.2K 149 1
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-1

(နက်နဲခြင်းရေခဲအလံ)

ခရမ်းနုရောင်စံအိမ်အဖွဲ့၏ စစ်တပ်ကြီး နီးကပ်လာသည်နှင့်အမျှ ငြိမ်သက်တိမ်တိုက်အဖွဲ့အတွင်းမှ လေထုအခြေအနေက နောက်ထပ်တစ်ကြိမ် တင်းမာလာခဲ့သည်။

ဤတစ်ကြိမ်တွင် ယခင်အကြိမ်များနှင့် ကွာခြားနေခဲ့၏။ ခရမ်းနုရောင်စံအိမ်အဖွဲ့က ဓားစာခံများကိုပါ ခေါ်ဆောင်လာခဲ့ကြသည်။

ငြိမ်သက်တိမ်တိုက်အဖွဲ့၏ ထိပ်ပိုင်းအကြီးအကဲအားလုံးက ခရမ်းနုရောင်စံအိမ်အဖွဲ့၏ လက်ထဲတွင် ရောက်ရှိနေခဲ့၏။ တစ်ဖက်က ထိုသူများကိုအသုံးချ၍ ခြိမ်းခြောက်ရန် ကြံစည်နေကြသည်။ ယခု သူတို့က မည်သို့ပြုလုပ်ရတော့မည်နည်း။

"ခရမ်းနုရောင်စံအိမ်အဖွဲ့က ငနဲတွေ တကယ်ပဲ တော်တော်လေး ယုတ်မာကြတာပါလား… သူတို့က ငါတို့ကို ထိပ်တိုက်ရင်မဆိုင်နိုင်တော့လို့ မဟာအကြီးအကဲနဲ့ အဖွဲ့အရှင်သခင်တို့ရဲ့ အသက်ကို အသုံးချပြီး ငါတို့ကို ဖိအားပေးနေတာပဲ….."

"ဟီးဟီး… အဲဒီငနဲတွေတစ်ဖွဲ့လုံးက သိက္ခာဆိုတာ ဘာမှန်းမသိကြတော့ဘူး… သူတို့ကျွမ်းကျင်တာက လှည့်စားဖို့နဲ့ ကောက်ကျစ်ဖို့ပဲ မဟုတ်ဘူးလား… သူတို့က နှစ်ပေါင်းများစွာကြာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ပြီး ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ကို မုန်တိုင်းအစပြုတဲ့နေရာဆီ တွန်းပို့ပေးခဲ့လို့သာ မဟုတ်ဘူးဆိုရင် တောင်ပိုင်းကုန်းမြေက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး အလွယ်တကူ ပြောင်းလဲသွားနိုင်မှာလဲ….." 

"ကျွန်တော်ပြောပါရစေ… စီနီယာအစ်ကိုမို၊ စီနီယာအစ်ကိုထျန်းယွီတို့က စီနီယာအစ်ကိုယီကို ဘာလို့သွားမမေးကြတာလဲ… ကျွန်တော်တို့စိတ်ထဲကနေ ယုံကြည်ချက်လုံးဝမရှိဘူး ဖြစ်နေတယ်….."

လင်းချောင်၏ လှုပ်ရှားမှုက အမှန်တကယ်ပင် ကြောက်စရာကောင်းလှကြောင်းကို လူတိုင်းလက်ခံရပေမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now