Chapter 471

1.2K 145 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-13

(အမြုတေကို တစ်စစီ ချိုးဖျက်ပြီး ပင်လယ်အသွင်ပြောင်းခြင်း)

"အား….."

ယီယွမ်က အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းလိုက်ရသည်။ သူ၏ တန်းထျင်က ပြိုကွဲပျက်စီးနေသော ခံစားချက်ကို တောင့်ခံကာကွယ်ရန် လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။

တစ်စုံတစ်ယောက်က ကတ်တီပေါင်း တစ်သိန်းလေးသည့် တူတစ်ချောင်းဖြင့် သူ၏ဝမ်းဗိုက်ကို လက်ရှိအချိန်၌ ထုနှက်နေသကဲ့သို့ ခံစားနေခဲ့ရ၏။ ထိုသို့အလွန်နာကျင်မှုမျိုးက သူ့ကို အသက်ရှူရန်ပင် မေ့လျော့သွားစေခဲ့သည်။

အမြုတေကို တစ်စစီ ချိုးဖျက်ပြီး ပင်လယ်အသွင်ပြောင်းခြင်းက ဟာသတစ်ခု မဟုတ်ပေ။ သူတို့၏ ဘဝတစ်ခုလုံး ဤခြေလှမ်းကို လျှောက်ရဲခြင်းမရှိသော သိုင်းပညာရှင်များက နည်းနည်းနောနော မဟုတ်ပေ။

အနည်းငယ် သတိလွတ်သွားသည်နှင့် တာအိုပျောက်ကွယ်သွားပြီး သေဆုံးရသည့် ရလဒ်ကို ရရှိသွားနိုင်ပေ၏။

အမှန်တကယ်တွင် အသင်္ချေ ကမ္ဘာငယ်များတွင် သိုင်းပညာရှင်များက စက္ကန့်တိုင်း စက္ကန့်တိုင်းတွင် ဤအဆင့်၌ သေဆုံးနေခဲ့ကြသည်။     

သူ၏ ယခင်ဘဝတွင် ယီယွမ်က ဤဖြစ်ရပ်ကို ကြုံတွေ့ခဲ့ဖူးပေ၏။ အသက်သေခြင်းရှင်ခြင်း မျဉ်းကြောင်းပေါ်တွင် တည်ရှိနေခဲ့သော ထိုနာကျင်ရမှုက သူ၏ မှတ်ဉာဏ်ထဲတွင် လက်ရှိအချိန်အထိ လတ်ဆတ်နေဆဲဖြစ်သည်။

သို့သော် လက်ရှိဘဝ၏ အမြုတေကို တစ်စစီ ချိုးဖျက်ခြင်းက ယခင်ဘဝ၌ ချိုးဖျက်ခဲ့ခြင်းထက် ပို၍ပင် နာကျင်စရာ ကောင်းနေခဲ့၏။ 

ဤတစ်ကြိမ်တွင် ယီယွမ်က လုံးဝပြီးပြည့်စုံသော အခြေအနေတစ်ခုအောက်တွင် အမြုတေကို တစ်စစီ ချိုးဖျက်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ သဘာဝစွမ်းအင်များက ပြည့်ဝနေသောအဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပေ၏။

ထိုသို့ ထူထဲလှသည့် သဘာဝစွမ်းအင်များ ပြိုကွဲမှုက ယီယွမ်အတွက်ပင် ဟာသတစ်ခု မဟုတ်ခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now