Chapter 536

1K 134 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-9

(လွှတ်ပေးခြင်း)

ယီဟန်က စိတ်ဓာတ်ကျနေခဲ့သည်။ ရန်ရှင်းချွန်းက ထိုအခြေအနေအထိ အမှန်တကယ် အကျိုးအကြောင်းမစဉ်းစားဘဲ သူ၏ သားမက်ကို သတ်ခိုင်းမည်ဟူ၍ သူလုံးဝမျှော်လင့်မထားခဲ့ပေ။

အတိတ်က အဖြစ်အပျက်တွင် သူက အခြေအနေများ၏ တွန်းအားပေးမှုကြောင့် ဖြစ်ပျက်ခဲ့ရခြင်းဖြစ်၏။ သူနှင့် ရန်ဟုန်လင်တို့က တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်မြတ်နိုးကြသော်လည်း ရန်ရှင်းချွန်းက မည်သည့်နည်းနှင့်မျှ သဘောမတူခဲ့ပေ။ အကြောင်းပြချက်မှာ သူ၏ နောက်ခံအသိုင်းအဝိုင်းက အလွန်နိမ့်ကျနေခဲ့၍ ဖြစ်သည်။

ယီဟန်၏ အရည်အချင်းက နိမ့်ကျခြင်းမရှိပေ။ သူက လုံလောက်သော အရင်းအမြစ်များနှင့် အစွမ်းထက်သော ကျင့်ကြံခြင်းပညာရပ်များ မရှိခဲ့၍သာ နိမ့်ကျနေခဲ့ခြင်းဖြစ်၏။

သို့ဖြစ်၍ ရန်ဟုန်လင်နှင့် ယှဉ်လိုက်လျှင် ယီဟန်က မထိုက်တန်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယီဟန်၏ ရိုးသားမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့က ရန်ဟုန်လင်၏ နှလုံးသားကို လှုပ်ရှားစေခဲ့၏။ ထိုအချိန်မှစ၍ သူမက ဤမှော်ဆေးပညာရှင်လေးကို ချစ်မိသွားခဲ့ခြင်းဖြစ်သည်။

ယီဟန်က သူ၏ခေါင်းကို မော့၍ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောဆိုခဲ့၏။ "ငါ,ယီဟန်က ငါ့ရဲ့ဘဝမှာ လုပ်ခဲ့သမျှ အရာအားလုံးကို နောင်တကင်းကင်းနဲ့ လုပ်ဆောင်ခဲ့တယ်… ကြည့်ရတာ ငါက ဒီလိုမျိုး အဆုံးသတ်ရပြီပဲ… ထားလိုက်တော့… ထားလိုက်တော့… ဒီဘဝမှာ အကျိုးသင့်အကြောင်းသင့် မရှိတဲ့ ရန်ရှင်းချွန်းကို ပြန်ပေးဆပ်လိုက်ရပြီပဲ… ဒါက အကြွေးကြေပြီလို့ သတ်မှတ်ရပါပြီ….."

ထိုသို့ပြောရင်း ယီဟန်က မျက်လုံးများကိုမှိတ်၍ ပြောဆိုလိုက်သည်။ "လုပ်လိုက်ကြပါ….."

ရှုကျိဟွေက မူလတွင် ဤလူရမ်းကားက မသေခင် အချိန်ဆွဲနေခြင်းဟု ထင်မြင်ခဲ့ပြီး စိတ်မရှည်တော့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now