Chapter 475

1.2K 136 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-3

(သေဆုံးသွားပြီလား)

ယီယွမ်၏ စကားများကို
ကြားလိုက်ချိန်တွင် လင်းချောင်တစ်ဦးတည်းသာ မဟုတ်ဘဲ ခရမ်းနုရောင်စံအိမ်အဖွဲ့မှ တပည့်အားလုံးက ဒေါသအလွန်ထွက်သွားခဲ့ကြသည်။

သူတို့က ဤကိစ္စမှာ ယီယွမ်က အရှင်လေအင်ပါယာကို စော်ကားလိုက်ခြင်းဖြစ်သည်ဟု ခံစားလိုက်ရ၏။

ငြိမ်သက်တိမ်တိုက်အဖွဲ့ တပည့် ငချွတ်လေးက အဆင့်အတန်းမြင့်ပြီး အစွမ်းထက်လှသော လေအင်ပါယာကို ဒူးထောက်ရန်အတွက် မည်သို့စွမ်းဆောင်နိုင်မည်နည်း။

လင်းချောင်၏ မျက်နှာအမူအရာက အလွန်အရုပ်ဆိုးသွားခဲ့ပြီး သူက အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည်။ "ယီယွမ်… မင်းက ငါ့ရဲ့သည်းခံနိုင်စွမ်းကို စိန်ခေါ်နေတာပဲ… ကြည့်ရတာ ငါကမင်းကို ပုံစံအချို့ မပြသေးလို့ မင်းက နာကျင်မှုဆိုတာကို မသိသေးတာနဲ့ တူတယ်… လာကြစမ်း… ကောင်လေးတို့… လင်ဖိုထျန်းကို ငါ့နားခေါ်လာခဲ့ပြီး သတ်ပစ်လိုက်….."

ခရမ်းနုရောင်စံအိမ်အဖွဲ့၏ အဖွဲ့အရှင်သခင်က စကားဝင်ပြောရန်ပင် ရည်ရွယ်ချက်မရှိခဲ့ဘဲ ဤနေရာတွင်ရှိနေသော အရာအားလုံးကို လင်းချောင်ထံသို့ လွှဲအပ်ထားခဲ့ပေ၏။

လင်းချောင်၏ အမိန့်ပေးမှုအောက်တွင် လင်ဖိုထျန်းက အလွန်မြန်ဆန်စွာပင် ဝင်္ကပါ၏ရှေ့သို့ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်သိုင်းပညာရှင် နှစ်ယောက်၏ ခေါ်ဆောင်လာခြင်းကို ခံလိုက်ရသည်။

လင်ဖိုထျန်းက ရေခဲတမျှအေးစက်သော အကြည့်တစ်ခု ပေါ်ပေါက်နေခဲ့ပြီး ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်သိုင်းပညာရှင် နှစ်ယောက်၏ တွန်းထိုးရိုက်ပုတ်ခြင်း ခံခဲ့ရပေ၏။ သို့သော် သူ၏ မျက်နှာအမူအရာက ခေါင်းမာမှုများ ပေါ်နေခဲ့သည်။

ယီယွမ်က ထိုအခြေအနေကိုမြင်သော် သူ၏မျက်နှာက ပြောင်းလဲသွားခဲ့ပြီး သူက ပြောဆိုလိုက်၏။ "လင်းချောင်… ငါထွက်လာခဲ့ပြီလေ… မင်းက ဘာလုပ်ချင်နေတာလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now