Chapter 509

1.1K 138 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-10

(ရန်ရှင်းချွန်း)

ဝူရွှမ်၏ ထိုမေးခွန်းကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။

ဘာဖြစ်သွားတာလဲ…..

ဝူရွှမ်က ဆေးလုံးရဲ့ စွမ်းရည်ကို မပြောဘဲနဲ့ ဘာလို့ ယီယွမ်ရဲ့ ဆရာကို ပထမဆုံး မေးမြန်းလိုက်တာလဲ….

သို့သော် လူတိုင်းက ထိုအရာကို အလွန်မြန်ဆန်စွာပင် နားလည်သွားခဲ့ကြ၏။ ဝူရွှမ်က ယီယွမ်ကို တပည့်အဖြစ် လက်ခံရန် ကြိုးစားနေခြင်းဖြစ်သည်။

ဤမသက်ဆိုင်သောမေးခွန်းကို နားလည်ချိန်တွင် ရန်တုံ၏မျက်နှာက ထမင်းအိုး၏ ဖင်ကဲ့သို့ နက်မှောင်သွားခဲ့၏။

သူက ယီယွမ်ကို မြင်လိုက်ချိန်တွင် ယီယွမ်က မှော်ဆေးပညာရှင်ဘုရင်များနှင့် မှော်ဆေးပညာရှင်ဧကရာဇ်များက သူ့ကို တပည့်အဖြစ်လက်ခံရန် ယှဉ်ပြိုင်လုယက်ကြလိမ့်မည်ဟု ပြောဆိုခဲ့သည်ကို ထင်ရှားစွာ မှတ်မိနေခဲ့သေးသည်။

အခုမြင်ကွင်းက ယခင်အချိန် ယီယွမ်ပြောပြခဲ့တဲ့ စကားတွေနဲ့
တိတိကျကျ တူညီနေတာပဲ…..

သို့သော် ပြဿနာမှာမူ ယီယွမ်က သဘာဝစွမ်းအင်များနှင့် စိတ်ဝိညာဉ်ခွန်အားတို့ အများအပြား သုံးစွဲခဲ့ရခြင်းမရှိပေ။ သူက အဆင့်မြင့်အဆင့် နဂါးဗုဒ္ဓကျောက်စိမ်း ဟင်းလင်းပြင်ဆေးလုံးကို ဖော်စပ်နိုင်ရန် မည်သည့်အတွက် ဖြစ်နိုင်မည်နည်း။

"ဆရာဝူရွှမ်… သူဖော်စပ်ခဲ့တဲ့ ဆေးလုံးက….." ရန်တုံက အံကြိတ်၍ မေးမြန်းလိုက်၏။

ထိုအချိန်မှသာ ဝူရွှမ်က ရန်တုံကိုကြည့်လိုက်ပြီး သူ၏ စိတ်တည်ငြိမ်မှု လျော့နည်းသွားခဲ့သည့်အဖြစ်ကို နားလည်သွားခဲ့သည်။ သို့သော် မကြာမီပင် သူက ရန်တုံကို သနားစဖွယ် ကြည့်ရှုလိုက်၏။

ရန်တုံ၏ အရည်အချင်းက မြင့်မားသည်မှာ သံသယဖြစ်စရာမရှိပေ။ သို့သော် ယီယွမ်နှင့် ယှဉ်လိုက်လျှင် ကမ္ဘာတစ်ခု ကွာခြားနေသည်ဟု ပြောရပေမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now