Chapter 563

1K 128 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-8

(ဆက်လက်၍ အကုန်အစင် သတ်ဖြတ်ခြင်း)

"ဒီမောက်မာတဲ့ ငချွတ်ကလေး… ငါ့ကို ထိတ်လန့်သွားစေတယ်….." ရန်ရှင်းချွန်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ခုကို စိတ်ထဲ၌ ချလိုက်ရသည်။

သူက မရေမတွက်နိုင်သော မုန်တိုင်းကြီးများနှင့် လှိုင်းလုံးကြီးများကို ကြုံတွေ့ခဲ့ဖူးသည့်တိုင် သူ၏နှလုံးသားက လည်ချောင်းထဲသို့ ခုန်တက်လာခဲ့ပေသေး၏။

အကယ်၍ ယီယွမ်က ဤကဲ့သို့ ထုတ်ပယ်ခြင်းခံလိုက်ရလျှင် သူက အကြီးအကျယ် မျက်နှာပျက်ပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ယီယွမ်က ဒုတိယအလွှာကို နောက်ဆုံးအခိုက်အတန့်၌ ရောက်ရှိသွားခဲ့ပေသည်။

"ဒါက ဘယ်လိုအခြေအနေမျိုးလဲ… ယီယွမ်က နောက်ဆုံးအချိန်မှာ ဒုတိယအလွှာကို တကယ်တက်ရောက်သွားခဲ့တာပဲ….."

"ဟုတ်တယ်… တကယ်လို့ သူက ဒီလိုစွမ်းအားမျိုး ရှိနေတယ်ဆိုရင် ဘာလို့အစောကြီးကတည်းက မလှုပ်ရှားတာလဲ… ဒါပေမဲ့ သူက အဲဒီလိုအစွမ်းမျိုး ရှိမနေဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ ကျော်ဖြတ်သွားနိုင်တာလဲ….."

"ဒီယီယွမ်ကတကယ်ပဲ… သူက ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားကို ဖြတ်ကျော်တဲ့အချိန်မှာ ဒီလိုပုံစံမျိုး လုပ်ဆောင်ရဲတယ်ပေါ့….."

ယီယွမ်က ယခုကဲ့သို့ ရိုလာကိုစတာ စီးနေသည့် ခံစားချက်မျိုး ခံစားစေသည်မှာ လူအများကို တိမ်ပေါ်သို့ ရောက်ရှိသွားသလို အသည်းတအေးအေး ဖြစ်သွားစေခဲ့ကြောင်း အသိအမှတ်ပြုရပေမည်။

အမှန်တကယ်တွင် လူအများအပြားက ရှုံးနိမ့်မှုကို ကြည့်ရှုကြရန် ပြင်ဆင်ထားကြပြီးဖြစ်၏။ အဆုံးသတ်တွင် ယီယွမ်က ပထမအလွှာကို ကျော်ဖြတ်သွားခဲ့ပေသည်။

ဤအရာက ပြပွဲတစ်ခုကြည့်ရှုရန် ပြင်ဆင်ထားကြသော လူအများကို အလွန်အရှက်ရသွားစေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now