Chapter 406

1.2K 152 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(4)

(ထွက်သွားစမ်း)

သတ္တမမင်းသား၏ စိတ်နေစိတ်ထားက အလွန့်အလွန် မောက်မာတတ်ပေသည်။ သူက ရှန့်ကွမ်လင်ရှဲ့၏ ရှေ့မှောက်တွင်  သူ၏မျက်နှာကို အပြုံးများ ဝေဆာနေစေရန်သာ ပြုလုပ်ထားနိုင်ခဲ့၏။

မီးခဲပြာဖုံးဖြစ်နေသည့် ခြိမ်းခြောက်နိုင်သောသူ များစွာကို သတ္တမမင်းသားက သူတို့၏ ငုပ်လျှိုးနေသော အခြေအနေမှာပင် အမြဲတမ်း သုတ်သင်ရှင်းလင်းလေ့ ရှိပေသည်။

ယီယွမ်က အဆင့်(2) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်မျှနှင့် သူ၏တိုက်ခိုက်မှု နှစ်ခုကို ရှောင်တိမ်းနိုင်ခဲ့၏။ ဤအရာက လုံးဝပင် မယုံကြည်နိုင်စရာ ကိစ္စတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် သူက ယီယွမ်ကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချခဲ့၏။

အကယ်၍ ရှန့်ကွမ်လင်ရှဲ့က လမ်းမှတားဆီးခဲ့လျှင်ပင် သူက ယီယွမ်ကို သေချာပေါက် သတ်ဖြတ်ပေလိမ့်မည်။

"ကောင်လေး… မြို့တော်မှာ ငါ,ကျောက်ချန်ကန်းကို ဘယ်သူကမှ ရန်မစရဲဘူး… ငါ့ကိုဆန့်ကျင်ရဲတဲ့ လူတွေအကုန်လုံးကလည်း သေကုန်ကြပြီ… မင်းလည်း ခြွင်းချက်မဟုတ်ဘူး… ငါ့ကို အပြစ်မတင်နဲ့… တကယ်လို့ မင်းကတစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ငါလို ပုဂ္ဂိုလ်မျိုးကို စော်ကားမိလောက်အောင် အမြင်မရှိခဲ့တဲ့ မင်းကိုယ်မင်း အပြစ်တင်လိုက်တော့….." သတ္တမမင်းသားက အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။

စကားအဆုံးတွင် သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး ယီယွမ်၏ရှေ့သို့ ရောက်ရှိလာခဲ့၏။

ဘုန်း…..

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်လာသည်။ ကျောက်ချန်ကန်း၏ ခန္ဓာကိုယ်က နောက်သို့ ခြေဆယ်လှမ်းကျော် ဆုတ်ခွာခဲ့ရပြီးမှ သူ၏ခန္ဓာကိုယ်ကို ရပ်တန့်သည်ဆိုရုံမျှသာ ရပ်တန့်သွားနိုင်ခဲ့၏။

သူ၏လက်ဝါးချက်က ပြန်လည်သက်ရောက်ခဲ့၍ ကျောက်ချန်ကန်း၏ အတွင်းအင်္ဂါများက အစီအစဉ်မကျစွာဖြင့် လှုပ်ရှားသွားခဲ့ရသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Onde as histórias ganham vida. Descobre agora