Chapter 547

1.1K 119 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-6

(ကြီးမားလွန်းသော နာမည်ဂုဏ်သတင်း)  

ဝိုင်ခွက်များကို ခွက်ချင်းတိုက်လိုက်ကြပြီးနောက် ဝိုင်များက အဓိကခန်းမထဲတွင် လွတ်လွတ်လပ်လပ် စီးဆင်းသွားကြပြီဖြစ်သည်။ ဧည့်သည်များက အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာ၏ စွဲဆောင်မှုကို အစောကြီးတည်းက ခံထားခဲ့ရပြီးဖြစ်၏။

"ဝူရွှမ်… ငါတို့ရဲ့ ရင်းနှီးမှုအရ မင်းကငါ့ကို ဒီအင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာ တစ်ပုလင်းပေးရမယ်… အို မဟုတ်ဘူး… ဆယ်ပုလင်းပေးရမယ်….." ဝူရွှမ်၏ဘေးတွင် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်က ဝူရွှမ်၏ လက်မောင်းကိုကိုင်၍ ပြောဆိုလိုက်သည်။

"ဝူရွှမ်… ငါတို့ရဲ့ ရင်းနှီးမှုကလည်း ခိုင်မာနေတယ် မဟုတ်ဘူးလား.. တကယ်လို့ မင်းက သူ့ကို ဆယ်ပုလင်းပေးမယ်ဆိုရင် ငါ့ကိုလည်း ဆယ်ပုလင်းထက်လျော့ပြီး ပေးလို့မရဘူးနော်….." နောက်တစ်ယောက်က ပြောခဲ့၏။

ဝူရွှမ်၏ ဦးခေါင်းက ထိုလူများကြောင့် ခေါင်းကိုက်နေခဲ့ပြီဖြစ်သည်။ သူက ခေါင်းကုတ်၍ ပြောလိုက်၏။ "အဟွတ်… အဟွတ်… ဒီအင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို လမ်းဘေးမှာ ဖော်စပ်လို့ရတဲ့ ဝိုင်လိုမျိုး ထင်နေတာလား… မင်းတို့ကို ပေးရမယ်ဆိုရင် ငါ့မှာ ဘယ်လောက်ပဲရှိရှိ အဲဒါတွေအကုန် ခွဲပေးရတော့မယ်နဲ့တူတယ်… မင်းတို့ကို အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါ,အဖိုးကြီးက ညီငယ်လေးယီရဲ့ မိဘတွေ လက်ထပ်ပွဲကြောင့် ဒီအင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို လူတိုင်းမြည်းစမ်းရအောင် လုပ်ပေးခဲ့တာပါ… ဒီနေ့ပြီးသွားရင် အဲဒီအင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို လိုချင်တဲ့သူတိုင်းက ဝယ်ယူရလိမ့်မယ်….."

ဝူရွှမ်က အဆင့်နိမ့်အဆင့် အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို ကျိုချက်ပြီးချိန်၌ သူက ယနေ့အခြေအနေကို ကြိုတင်ခန့်မှန်းမိခဲ့ပြီးဖြစ်သည်။

သူက ယီယွမ်နှင့်အတူ ဤအင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို စျေးကွက်အတွင်း တင်ပို့ရောင်းချရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီးဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now