Chapter 569

1K 130 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-14

(ပြီးပြည့်စုံသော အောင်မြင်ခြင်း)

"ဘာ… လူအိုကြီးဟိုင်က ဟာသလုပ်နေတာတော့ မဟုတ်ပါဘူးနော်….."

"ဟုတ်တယ်… လူအိုကြီးဟိုင်က မှားပြောလိုက်တာလား… ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားရဲ့ ပထမသုံးလွှာမှာ ဒီမွန်းသားရဲတွေ ကြောက်စရာကောင်းလောက်အောင် များပြားတယ်လေ… ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်နဲ့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ဂျူနီယာတွေက ဘယ်လိုလုပ်ပြီးတော့ အထဲမှာရှိတဲ့ ဒီမွန်းသားရဲတွေအကုန်လုံးကို သတ်ဖြတ်နိုင်မှာလဲ….."

"ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားထဲမှာ သဘာဝစွမ်းအင်တွေကို ပြန်လည်ပြည့်ဖြိုးစေဖို့ ဆေးလုံးတွေ အသုံးပြုလို့ မရဘူး… အဖွဲ့ကြီးသုံးဖွဲ့က တပည့်ခေါင်းဆောင်တွေတောင် ပထမအလွှာမှာရှိတဲ့ ဒီမွန်းသားရဲတွေကို သတ်ဖြတ်တာကြောင့် သဘာဝစွမ်းအင်တွေ ကုန်ဆုံးပြီး သေဆုံးရလိမ့်မယ်….."

ချီဟိုင်၏ ပြောပြမှုက အလွန်စိတ်ကူးယဉ်ဆန်နေခဲ့ပြီး လူအားလုံး နားလည်နိုင်သည်ထက် ပိုလွန်သွားခဲ့ပြီဖြစ်သည်။

တတိယအလွှာကိုအသာထား၍ ပထမအလွှာ၌ပင် ဝင်ရောက်သွားခဲ့သော ဂျူနီယာများက အချိန်အကြာကြီး  နေထိုင်ရန်မဖြစ်နိုင်ပေ။

အကယ်၍ သူတို့တွင်သာ ထိုသို့သောအစွမ်းမျိုး ရှိနေလျှင် အဖွဲ့သုံးဖွဲ့မှ ဂျူနီယာများသည် အစောကြီးကတည်းက ပထမအလွှာကို ရှင်းလင်းပစ်ကြမည်ဖြစ်၏။ သူတို့က ယနေ့အချိန်ထိ မည်သည့်အတွက်ကြောင့် စောင့်ဆိုင်းနေရမည်နည်း။

"ဟက်… ဒီအဖိုးကြီးက သူ့ရဲ့အခြေအနေကို ပြောပြပေးရုံပဲ… မင်းတို့သဘောတူလက်ခံတာကို ဘာလို့လိုအပ်မှာလဲ… ယုံကြည်တယ် မယုံကြည်ဘူးဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်….." ချီဟိုင်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်သည်။

အမှန်တကယ်တွင် သူကိုယ်တိုင်က ဤသတင်းကို အချိန်အကြာကြီး စဉ်းစားခဲ့ပြီးမှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်၏။ သူက ဤလူများကို စကားအနည်းငယ်ပြောရုံဖြင့် ယုံကြည်စေနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Där berättelser lever. Upptäck nu